One shot

9 0 0
                                    

Zawgyi

ကောင်မလေးတစ်ယောက် ကိုအဆုံးရှုံးမခံနိုင်လို့...... တောင်းပန်ပြန်ချော့စာ

April 1st 2019
ရတီ's pov
ဟေး.... ကျူရှင်ဖွင့်ပြီ ကိုးတန်းစာသင်ရတော့မယ်
ရတီ ကျူရှင်သစ်မှာ စတက်ရမည်မို့ စိတ်လှုပ်ရှားနေသည်။

''ကျူရှင်မှာ သူငယ်ချင်းလည်းမရှိဘူးမေမေရယ်''
"​သြော် သမီးကလည်း အောင်အောင်ရှိတယ်လေ''
"ဟာ... မေမေကလည်း ယောက်ျားလေးနဲ့မိန်းကလေးမှတူတူမထိုင်ရတာကို ဘာပဲဖြစ်ဖြစ် ဘေးနားမှာ ဘယ်သူဖြစ်မလဲမသိဘူးနော် ဘေးကကောင်မလေးကချောမလား စာတော်မလားမသိဘူး စိတ်လှုပ်ရှားလိုက်တာမေမေရယ်''
"သမီး ဒီနေ့စောစောသွားမယ်တဲ့အန်တီက ကျူရှင်စဖွင့်တဲ့နေ့မို့ နေရာလိုက်ရှာနေရမှာ ဆိုးလို့တဲ့"
ရတီ့ကို ဘေးအိမ်က အောင်အောင်ဆိုတဲ့ကောင်လေးရဲ့မေမေရကျူရှင်လိုက်ပို့ပေးမည်ဖြစ်သည်။
"ဟာ..မေမေကလည်း မေမေလိုက်ပို့်လေ ပထမဆုံးစဖွင့်တဲ့နေ့လေကို"
"ကဲမေမေ့ကိုဂျီကျမနေနဲ့ ​မေမေတကယ်မအားလို့ပါသမီးရယ် အန်တီနဲ့ပဲသွားလိုက်နော်"
"ဟင်း... ဟုတ်ကဲ့"

ကျူရှင် စတက်ပြီး ၇ ရက်မြောက်နေ့

"ဟိုလေ တစ်ရှူးလေးပါလား ရတီရေမှောက်သွားလို့ဟီး" ရတီဘေးကကောင်မလေးကို ပထမဆုံးအကြိမ်စကား စပြောဖူးချင်းဖြစ်သည်။
"သြော်ရပါတယ် ဒီမှနော်တစ်ရှူး "
"ဟီးကျေးဇူးတင်ပါတယ်နော်"ရတီသွားလေးဖြီးကာ ကျေးဇူးတင်ကြောင်းပြောလိုက်သည်။
ထိုအချိန် ရှေ့တန်းမှကောင်မလေးက ဘေးကကောင်မလေးအား correction pen လှမ်းငှါးသည်
ထိုရှေ့တန်းက ရတီ့ရှေ့ကကောင်မလေးကို ရတီ ခင်ချင်နေတာ ကြာပြီဖြစ်သည်။ ခန္ဓာကိုယ်သေးညှပ်ညှပ်လေးဖြစ် ရတီအလွန်အသည်းယား လှသည်။ ရတီ အရဲစွန့်ပြီ စကားစပြောလိုက်သည်
"ဟိုလေ ငါ့ဟာ ယူသုံးလို့ရတယ်နော်"
ထိုအခါကောင်မလေးက ချစ်စရာကောင်းစာပြုံးပြကာ "အယ် ကျေးဇူးပဲ ဒါဆို ခဏယူသုံးမယ်နော်"ဟုပြောပြီးအရှေ့သို့ပြန်လှည့်သွားသည်။
ထိုအချိန်တွင်ဆရာဝင်လာ၍ အသံများတိတ်ဆိတ်သွားတော့သည်။ "နောက် ၆ ရက်နေရယ် တို့တွေရဲ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရှိတော့ သဘက်ခါ ကစပြီး ၂၄ ရက်နေ့ထိ ကျူရှင်ပိတ်မယ်နော်"
"ဟေး..."ကျူရှင်ပိတ်ပြီ ပျော်လိုက်တာ ဒီကျူရှင်ကပိတ်ရက်များမယ် ထင်တယ် ဟာ.... အရှေ့ကကောင်မလေးနဲ့မရင်းနှီးသေးပါဘူးဆိုကာမှပဲ ကွာ!! တကယ်ပဲ ဘာပဲဖြစ်ဖြစ် ကျူရှင်အကြာကြီးပိတ်မှာပျော်လိုက်တာ

ရတီကျူရှင်မပိတ်ခင် သူ့အရှေ့ကကောင်မလေးရဲ့ fb acc ရခဲ့သည်။
ထိုနေ့ကတော့ရတီတို့ပျော်မဆုံးပေါ့ ရတီတို့ ပိတ်ရက်တွေမှာလည်း စကားတွေအများကြီးပြောဖြစ်ကြသည် နေ့တိုင်းနေ့တိုင်းစကားတွေအများကြီးပြောဖြစ်ကြသည် သူ့အကြောင်းကိုယ့်အကြောင်းသူ့လျို့ဝှက်ချက်ကိုယ့်လျို့ဝှက်ချက်မချန် မိသားစုကိစ္စတွေပါတိုင်ပင်သည်အထိ ရင်းနှီးခဲ့ကြသည်
ဘေးကကောင်မလေးနှင့်လည်း ရတီတော်တော်ရင်းနှီးနေပြီဖြစ်သည် ရတီသိရတာနောက်တစ်ခုက ဘေးကကောင်မလေးက ရတီနှင့်တစ်ကျောင်းထဲပဲဖြစ်သည် ရတီတို့သုံးယောက် မခွဲမခွာ သွားတူလာတူတွေဖြစ်လာကြသည် ဆရာတွေဆရာမတွေကပါ ရတီတို့သုံးယောက်ကိုတစ်တွဲတွဲနှင့် ညီမသုံးယောက်ဟုပင် ခေါ်ကြသည်

You've reached the end of published parts.

⏰ Last updated: Jun 07, 2020 ⏰

Add this story to your Library to get notified about new parts!

LATTE & Love~~Where stories live. Discover now