Chapter 21 (Unicode)

14K 1.2K 77
                                    

မင်းမြတ်မွန် မနက်စောစောမှာပင် မြတ်တော်ဝင်ကို ရောက်လာသည်။ ဆက်လေးက ကျောင်းဖွင့်ရက်ကို ရန်ကုန်အိမ်မှာပဲ ပြန်နေနေလို့ ဆက်လေးကို အိပ်ရာနှိုးပေးရအောင် အပေါ်ထပ်ကို တက်လာလိုက်သည်။ ဗင်ဒါ့အခန်းရှေ့အဖြတ်မှာ စိတ်ထဲ တစ်ခုခုဖြစ်လာလို့ အခန်းထဲဝင်ကြည့်တော့ ကောင်လေးကိုမတွေ့ရ။

*ဒေါက် ဒေါက် ..*

"ဆက်လေး..ဆက်လေး ကလေး..ကျောင်းမသွားဘူးလား၊ ၇ နာရီထိုးနေပြီနော်"

မင်းမြတ်မွန်က အခန်းအပြင်ဘက်ကနေ အသံပြုအော်ကာ ဆက်လေးရဲ့အခန်းကို တံခါးဆွဲဖွင့်ကြည့်တော့ အထဲကနေ တံခါးလော့ခ်ချထားတာကို တွေ့ရသည်။ ဆက်လေးက အခန်းတံခါးကို လော့ခ်မချဖူးလို့ စိတ်ထဲ တော်တော်အံ့ဩမိသည်။ ဘယ်လောက်ခေါ်ခေါ် တံခါးလာမဖွင့်ပေးလို့ ဒီကောင်လေးက မနိုးမကြားကို အိပ်ပျော်နေတာပါလား။

"ဆက်လေး ကျောင်းမသွားဘူးလား အန်တီမြတ်"

"သွားမှာပါ၊ အန်တီ့ကို ဘာမှမပြောဘူး"

"ကျွန်တော် သွားနှိုးတာ လုံးဝမနိုးလို့၊ အခန်းထဲမှာ ဗင်ဒါပါ ရှိနေတာ"

"ဗင်ဒါက ငါ့မြေးအခန်းကို ဘာဝင်လုပ်တာလဲ၊ ငါ့မြေးကို နှိုးမရဘူး ဟုတ်လား၊ ဒါတစ်ခုခုပဲ၊ ငါ့မြေးရော အခန်းထဲမှာ ရှိရဲ့လား၊ တော်ကြာ ငါ့မြေးကို ပြန်ပေးဆွဲပြီး ငွေညှစ်နေမှဖြင့်"

"အန်တီမြတ်ပြောမှပဲ ကျွန်တော်တောင် ဆက်လေးကို စိတ်ပူသွားပြီ"

"ဗင်ဒါ့ကို အန်တီမြတ် သဘောမကျဘူး၊ အဲ့ဒီကောင်လေးရဲ့မျက်လုံးတွေက ဖြူစင်မှုမရှိဘူး၊ အခုလည်း ဆက်လေးကို ခေါ်မရဘူး ဟုတ်လား"

"ဟုတ်တယ် အန်တီမြတ်"

"အဲ့ဒါဆို ငါ့မြေးကိုများ ပြန်ပေးဆွဲသွားသလားကွယ်၊ အခန်းတံခါး သွားဖွင့်ကြည့်ရမှာပေါ့"

"ဟုတ်"

"ငါနဲ့လိုက်ခဲ့ မင်းမြတ်မွန်၊ ငါ့မြေးကို စိုးရိမ်တယ်"

"ဟုတ် အန်တီမြတ်၊ သွားကြည့်ရအောင်"

အန်တီမြတ်က မင်းမြတ်မွန်ထက်တောင် စိတ်လောသေးသည်။ မင်းမြတ်မွန်ကို အပေါ်ထပ်ကို ပြန်ခေါ်လာသည်။ ဆက်လေးရဲ့အိပ်ခန်းသော့ကို သွားရှာယူလာပြီး မင်းမြတ်မွန်ရဲ့လက်ထဲကို ထည့်ပေးလာသည်။ မင်းမြတ်မွန်က တံခါးကို ခပ်ဟဟလေး ဖွင့်ကြည့်လိုက်သည်။ အခန်းတံခါးကို ဖွင့်လိုက်ချိန်မှာ ကောင်လေးနှစ်ယောက်က လင်မယားလို ဖက်အိပ်နေကြတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Место, где живут истории. Откройте их для себя