Unicode Version
" စတုတ္ထမြောက်နန်းဆက်မင်းမျိုးအနွယ်ဝင်
မင်းသားတော် ဝမ်ရိပေါ် ဟာ
နိုင်ငံရဲ့အနောက်မြောက်ဖက်မှာရှိတဲ့
ခါရာအိုကျွန်းဆီသွားရောက်ရာမှ
ပျောက်ဆုံးနေကြောင်းသတင်းရရှိထားပါတယ်ရှင်
ဖြစ်စဥ်အပြီးအဆုံးကတော့သူ့ရဲ့
Wang Space Product တွေအတွက်
ကုန်ကြမ်းကြာမျှင်ကိစ္စနဲ့လွန်ခဲ့တဲ့လေးရက်က
နေ့လည်နှစ်နာရီခန့်လောက်မှာကျွန်းဆီ
သွားရောက်ရခြင်းဖြစ်ပြီးခန့်မှန်းခြေညနေ
လေးနာရီလောက်ခန့်ကကျွန်းပေါ်ရှိ
စံအိမ်တော်မှပျောက်ဆုံးသွားခြင်းပဲဖြစ်ပါတယ်
ဒီအတွက်ရဲတပ်ဖွဲ့အကူအညီကို
တောင်းခံထားခြင်းမရှိပဲဝမ်အိမ်တော်ရဲ့
ဝန်ထမ်းများနဲ့သာကျွန်းအနှံ့အလောတကြီး
ရှာဖွေနေဆဲဖြစ်ကြောင်းသိရှိရပါတယ်ရှင် ..
ဒီအကြောင်းအရာနဲ့ပတ်သက်လို့
ဝမ်အိမ်တော်ကိုသတင်းဌာနမှ
ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း
ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူးရှင် ..
မင်းသားတော် ပျောက်ဆုံးနေမှုနဲ့ဆက်စပ်
အချက်အလက်များထပ်မံသိရှိရပါက
အချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမယ့်
အကြောင်းကိုလည်း ... "
" ပြောစမ်း ! ဒီသတင်းကဘယ်လိုဖြစ်လို့
မီဒီယာတွေထိပေါက်ကြားသွားရတာလဲ !! "
ဝမ်အိမ်တော်ထိန်း ကျန်းဖုန်းမြင့်
TV ကိုလှမ်းပိတ်ပစ်လိုက်ကာ
တန်းစီရပ်နေကြတဲ့ဝန်ထမ်းတွေကို
ဒေါသတကြီးအော်မေးလိုက်ပါတယ်
" ဟမ် ! ဒီလောက်အထပ်ထပ်ဖုံးဖိထားပါလျက်နဲ့
ဒီသတင်းကဘယ်လိုဖြစ်ပြီး
တိုင်းသိပြည်သိဖြစ်ကုန်ရတာလဲ !! "
" အရင်ဆုံးစိတ်လျော့ပါဦး အိမ်တော်ထိန်း
သူတို့အားလုံးလည်းကြိုးစားရှာဖွေနေကြတာပဲ
ခက်တာကကျွန်းဟိုဖက်နက်နက်ထိသွားလိုက်ရင်
တောရဲတိရစ္ဆာန်တွေရဲ့ရန်ပြုတာခံရနိုင်တယ် ..
ဘယ်လိုပဲပြောပြောကျွန်တော့်အမြင်တော့
ရဲအင်အားသုံးရတော့မယ်ထင်တယ် .. "
" ဒါပေမယ့် .. အစ်ကိုလေးသိတဲ့အတိုင်း .. "
" ဟုတ်ပါတယ် .. ကျွန်တော်သိပေမယ့်
လောလောဆယ် ဝမ်လေး ဘေးကင်းဖို့က
ပိုအရေးကြီးတယ် အိမ်တော်ထိန်း ..
ကျွန်းပေါ်မှာက CCTV မှတ်တမ်း
ဘာဆိုဘာမှရှိတာမဟုတ်ဘူး ..
ဝမ်လေး ဘယ်လိုပျောက်သွားတာမှန်းလည်း
ခုချိန်ထိမသိရသေးဘူး .. ဒီထက်ပိုကြာရင်
အသက်အန္တရာယ်ပါစိုးရိမ်လာရလိမ့်မယ် "
ANDA SEDANG MEMBACA
Yuanfen