ကျိုးက ချမ်းသာသော မိသားစုက သားသမီးတစ်ယောက်။သို့သော်လည်း သူမ၏စိတ်အလိုအတိုင်း ကျောင်းနှင့် အနည်းငယ်နီးသော တိုက်ခန်းကို ဝယ်ကာ ထိုတိုက်ခန်းတွင် သာ နေလေသည်။
ကျောင်းကို ကိုယ်ပိုင်ကားနှင့် သွားလို့ရသော်လည်း
"အကြောင်းရှိလို့ပါ " ဟု ဆိုကာ အိမ်မှဒရိုင်ဘာကို
တက္ကစီသမားလို ဝတ်ခိုင်းကာ ကျောင်းကို တက္ကစီနှင့်လာသည့် ပုံစံမျိုးနှင့်သာ လူအားလုံးကို ထင်စေသည်။

ထို့ကြောင့် အခုလည်း သူပဲမောင်းပြီး ဟိုကိုသွားရင်
ရိပ်မိမှာစိုးလို့ ကားကို တက္ကစီပုံစံလို ပြောင်းကာ
ကားဒရိုင်ဘာအား မောင်းခိုင်းလိုက်လေသည်။
သို့သော်လည်း  မဖွံ့ဖြိုးသေးသော ‌ဒေသဖြစ်သောကြောင့် ကျိုး၏ ကား လမ်း‌ပေါ်တွင် ဘိန်းပေါက်နေသည်ကို ပြင်‌ပေးမည့်ဆိုင် မရှိပေ။

ထို့ကြောင့် ကားဒရိုင်ဘာအား ပေကျင်းမှ ကားပြင်ဆရာအား သူတို့ကားရပ်ထားတဲ့ နေရာထိ ချက်ခြင်းလိုက်လာခိုင်းရန် အကြောင်းကြားခိုင်းပြီး
ကျိုးကတော့ လမ်းသွားလမ်းလာ ကားများအား အကူညီတောင်းရန် ရပ်တားနေလေသည်။

ကားကလည်း ပါးသည့်အပြင် အချို့ကလည်း မရပ်ပေးသောကြောင့် ကျိုးမိမိရှေ့မှ လာနေသောကား၏ အရှေ့သို့ သွားကာ ပိတ်ရပ်လိုက်‌လေသည်။

ယီဘင်တစ်ယောက် ကားမောင်းနေရင်းနဲ့မှ ကားအရှေ့လာရပ်နေသော မိန်းကလေးတစ်ဦးကြောင့် ကားကိုပရိတ်အမြန်နင်းကာ ရပ်လိုက်လေသည်။

ထို့နောက်အရှေ့မှ မိန်းကလေးတစ်ဦးအား ဖယ်ပေးရန်လှမ်းအော်လိုက်တော့ ........

သူမက ယီဘင်ဆီ အပြေးလာကာ ......

"ကျေးဇူးပြု၍ ကူညီပါလားဟင် ။
ကျွန်မ ####ကို သွားချင်လို့ ။အာ့လမ်းမှာ ကားဘီးပေါက်သွားလို့။ ကားတွေလည်း တားတာအတော်ကြာနေပြီး ။တစ်စီးမှလည်း မရပ်ပေးကြလို့ ။အာ့တာ ပြသနာမရှိရင်လေ လမ်းကြုံလိုက်ခွင့်ပေးပါနော် ....။ တကယ် အလျင်လိုနေလို့ပါ ....." ဟုဆိုကာ မျက်နှာငယ်လေးနှင့် အတင်းတောင်းဆိုနေသော သူကို ယီဘင်တို့လည်း သနား၍ ခေါ်တင်ခဲ့လေသည်။

BAD BOYWhere stories live. Discover now