ဟုတ်တော့လည်း ဟုတ်တယ်။
မေ့ထားလို့မရတာတော့ သူလည်းမတတ်နိုင်ဘူး...

"မေ့ထားလို့မရလို့ပေါ့.. ကျန့်ကောကို စိတ်မဆင်းရဲစေချင်ဘူး..ငါလည်း~~"

"အင်း..."

ဟောက်ရွှမ်းက အလေးအနက်ထားတဲ့အမူအရာမျိုး ချက်ချင်းပြောင်းသွားတယ်။ ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာတာမို့ ဝမ်ရိပေါ်အကြောင်းဆို ကကြီး,ကအစ အ,အဆုံး သိထားပြီးသား။
ဝမ်ရိပေါ်က ဘာကိုမှအာရုံမထားသလိုနဲ့
တကယ်တော့...အတွေးများတတ်သူ။

"သူတို့က ကျန့်ကောကို သူတို့နဲ့ပဲပြန်လာနေစေချင်တာ.."

"အဲ့တာဆိုလည်း သူတို့မောင်နှမချင်း ညှိနှိုင်းသင့်တာပေါ့...မင်းကို လာလာပြောနေတာကြီးက မှားနေတာ.. သက်သက်လုပ်နေမှန်း အသိသာကြီး"

ဟင်း...

ရိပေါ် သက်ပြင်းချမိတယ်။

"ငါပြောသလိုပဲလေ... နှစ်ယောက်ကြားမှာ အပြင်လူတွေဝင်လာရင် မကောင်းတော့ဘူး"

".........."

ဟောက်ရွှမ်း စိတ်မောလာတယ်။
ဝမ်ရိပေါ်က အပြည့်အဝပျော်ရွှင်ဖို့ ကံမပါလာလို့လား?
ဒီလိုဆိုရင်တော့ လောကကြီးက တစ်ဖက်စောင်းနင်းနိုင်လွန်းတာပေါ့။
ဝမ်ရိပေါ်ရဲ့အပြုံးတွေက ရှောင်းကျန့်နဲ့တွေ့မှအသက်ဝင်လာတယ်လို့ ဟောက်ရွှမ်းတွေးမိတာ ဘယ်လောက်မှတောင်မကြာသေးဘူး။
အခုထပ်ပြီး ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ အခြေအနေမျိုးနဲ့ ကြုံနေရပြန်တယ်။

"မင်းကလည်း မင်းမဟုတ်သလိုပဲ... အခုမှ ငဲ့ကွက်နေတတ်လိုက်တာ"

ခက်တော့လည်း ခက်သား...
ဘာတွေပဲဖြစ်နေစေဦး... ဝမ်ရိပေါ်က ရှောင်းကျန့်မရှိပဲ မနေနိုင်တာ သေချာနေမှတော့၊
ဟောက်ရွှမ်းလုပ်ပေးနိုင်တာက ဝမ်ရိပေါ်အတွက် အကြံဥာဏ်အနည်းငယ်စဉ်းစားပေးရုံပဲရှိလိမ့်မယ်။

"မင်းခဏရှောင်ပေးလိုက်ရင်ရော? အဲ့တာဆို ရှောင်းကျန့်ကောလည်း ဟိုဘက်အိမ်ပြန်ရောက်သွားမှာပဲ.. သူတို့ဖြစ်စေချင်တာလည်း ဒါပဲမဟုတ်ဘူးလား"

ဝမ်ရိပေါ်က ဟက်ခနဲရယ်တယ်။
ဒီအထိရောက်အောင် လျှောက်လာခဲ့ပြီးမှ ရှောင်ပေးရမယ်တဲ့လား...
ဘာတွေဆက်ဖြစ်မလဲဆိုတာ မသိရလောက်အောင် ဝမ်ရိပေါ်ကတုံးနေတာမှ မဟုတ်တာ။
ဝေးသွားမှာလေ...အဆုံးထိ!

Crazy Something (Completed)Hikayelerin yaşadığı yer. Şimdi keşfedin