ထို ညီအမ နှစ်ယောက်ကို သတိထားမိသွားတဲ့ အခါ.....ဝုန်းခနဲ ထရပ်တယ်...

ဆိုင် အနောက်ခန်းထဲက ထွက်လာတဲ့ အကိုကျိုးချန်က သူတို့ ၂ယောက်ဆီက အမှာစာရင်း လက်ခံ ပြီးနောက် သွားချပေးရမှာက ရိပေါ် တာဝန်ဖြစ်လာတယ်... 

ရိပေါ် ဗန်းကို သွားယူတော့ မေ့လင်းက သူပို့ပေးမယ် ပြောပေမယ့် ရိပေါ်က ခေါင်းပဲ ခါပြလိုက်တယ်...

ဒီ အတိုင်း မုန့်လာစားတာပဲ ဖြစ်လောက်မှာမို့ ရိပေါ် သိပ်တော့ မစိုးရိမ်ပါဘူးလေ....

ရိပေါ် သူတို့ ဝိုင်းနားရောက်တော့ ရှားအော်က ဖုန်းပြောနေတယ်... 

' အင်း... ရိုစီလား...  နင် ဘယ်မှာလဲ.. '

' .... '

' အော် .. ကောင်မ.. စီနီယာ ရှောင်းကျန့်နဲ့ Date နေတယ်ပေါ့လေ... အဆင်ပြေနေတယ်ပေါ့.... '

ုကြားလိုက်ရတဲ့ နာမည်အဆုံးမှာ ဗန်းထဲက မုန့်တွေ ချပေးနေတဲ့ ရိပေါ်လက်က အဆိုစလောက်လေး တုန်သွားတယ်....

စီနီယာရှောင်းကျန့်? Date?

' အေးပါ... တစ်ချို့ တစ်ချို့ သော လူတွေထက်စာရင် နင်ကမှ စီနီယာနဲ့ အလိုက်ဆုံးလေ..  '

ဒီစကားကိုတော့ ရှားအော်က ရိပေါ့် မျက်နှာ ကို တည့်တည့် ကြည့်ပြီး ပြောလိုက်တာ ဖြစ်တယ်...

ရိပေါ်  ခေါင်းပဲ တစ်ချက်ညွတ်ပြလိုက်ပြီး လှည့်ထွက်လာခဲ့တယ်.. 

ကျန်ခဲ့တဲ့ ညီ အမ ၂ယောက်ရဲ့ ခပ်ပြုံးပြုံး မျက်နှာကို မြင်လိုက်တဲ့ မေ့လင်းက မျက်မှောင် ကျုံ့လို့ ...

သူ့ဝိုင်းမှာ ပြန်လာထိုင်ဖို့ ပြင်နေတဲ့ ရိပေါ်ကို မေ့လင်းက ကောင်တာနောက်ထဲ ဆွဲခေါ်တယ်.. 

' ရိပေါ်... '

' အင်း... '

' စီနီယာ ဒီနေ့ ကျောင်းလာလား? ... '

' မလာဘူး... '

' ဆိုင်ကိုရော.... ? '

' မလာဘူး..  '

ရိပေါ် ပြန်ဖြေတော့ မေ့လင်းလည်း ဘာပြောရမယ်မှန်း မသိတော့ဘူး....

ဒီညီအမက ဥာဏ်များတတ်တာမို့ မေ့လင်း မယုံနိုင်ဘူး.....

' ရိပေါ်...  ဖုန်းခဏငှား... '

21st Century Cinderella StoryWhere stories live. Discover now