Chapter 19 ( Unicode)

13.7K 1.2K 70
                                    

လွှမ်းက အတန်းထဲကို ပြန်ဝင်လာကာ စာပြန်သင်နေလိုက်သည်။ မနက်ပိုင်း စာသင်ချိန်ကုန်ခါးနီးမှာ အာနိုးဆီက ဖုန်းဝင်လာသည်။

"ဟယ်လို လွှမ်း"

"အာနိုး ပြော"

"လွှမ်းရေ အတန်းဆင်းပြီလား"

"ဆင်းပြီ"

"အဲ့ဒါဆို ကန်တင်းလာခဲ့၊ ငါတို့နှစ်ယောက် ကန်တင်းမှာ စောင့်နေတယ်၊ ဒီမှာကွာ ကန်တင်းမှာ အစ်ကိုကြီးတွေ ထိုင်နေတာ၊ ချောမှချောပဲ"

"အာနိုး ..မင်း လုပ်လာပြန်ပြီ"

"ဟဲဟဲ..မင်းရဲ့ BMW ဖူးစာရှင်က ပေါ်မလာတော့ဘူး မဟုတ်လား၊ ငါမင်းကို ဖူးစာရှင်အသစ် ရှာပေးမလို့"

"အေးဆေးနေနော် အာနိုး၊ အဲ့ဒီလူအကြောင်း ထည့်မပြောနဲ့၊ ငါ သူ့ကို လုပ်ချင်နေတာ"

"စိတ်လျှော့လေကွာ၊ အသက်မှမပြည့်သေးတာ၊ အရမ်းလုပ်ချင်နေရင် Anime တို့၊ Manga တို့နဲ့ စိတ်ဖြေပါလား"

"အာ! အရေးထဲ မိုးမရွာဘဲ မီးလာပြတ်နေတယ်၊ တော်တန်ရုံ မှောင်တာပဲကောင်းတယ်၊ အဲ့ဒီလူကို ငါလုပ်ချင်တယ်ဆိုတာက မဦးမချွတ် ငါ့ First Kiss ကို အဲ့ဒီလူက အတင်းယူသွားလို့"

"ဘာ! တကယ်လား လွှမ်း၊ အောင်မလေး ကောင်းလိုက်တာ၊ အတွေ့အကြုံ ရှယ်ပါလား ..လုပ်လုပ်"

"အောင်စာရင်းထွက်တဲ့နေ့ကကွာ၊ ငါ ဖေဖေ့ကို စိတ်တိုလို့ အိမ်က ထွက်သွားတာ၊ အင်းယားကန်ပေါင်မှာ ဘဲကြီးနဲ့တွေ့တယ်၊ သူ့ကိုဝင်တိုက်မိလို့ ငါ့ကိုသွားမရအောင် လမ်းပေါက်ပိတ်ထားတာ၊ ငါလည်း စိတ်တိုတိုနဲ့ သူ့မျက်နှာကို ဆွဲထိုးပေးလိုက်တယ်"

"အောင်မလေး ရက်စက်လိုက်တာ လွှမ်းရာ၊ အဲ့ဒါနဲ့ သူကမင်းကို လက်နဲ့ ပြန်မထိုးဘဲနဲ့ နှုတ်ခမ်းနဲ့ ထိုးလွှတ်လိုက်တာပေါ့"

"သူများ လျှောက်မပြောနဲ့၊ ငါ အဲ့ဒီလူကို သတ်ချင်နေတာ"

"မင်း သူနဲ့ပြန်တွေ့သေးလား "

"ပြောပြဦးမယ်၊ အဲ့ဒီလူက အခု ဒီကျောင်းမှာ ရှိနေတာ၊ ကိုထိုက်နဲ့ သူငယ်ချင်းဖြစ်နေတာ"

"ဟာ! တကယ်ကြီးလား လွှမ်း ..ဟီးဟီး ပျော်စရာကြီး"

"အေး ..မနက်တုန်းက ဘေးနားမှာ တခြားလူတွေ ရှိနေလို့ ငါမလုပ်တာ၊ အဲ့ဒီဘဲကြီး ငါနဲ့ထပ်တွေ့လို့က သေဖို့သာပြင်ထား၊ ချစ်ရိပ်လွှမ်းအကြောင်း သိမယ်"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now