"အယ့်ဝက်ကိုဒီ​နေ့အကြိုက် နှိပ်စက်ရမယ်​​နော့်။ လာထားကွ!"

လ​ရောင်နှင့် သာ​တွေ့လျှင် က​လေးပြန်ဖြစ်သွား​တက်သော လင်း​နေနှင့်ကြယ်စင်မှာ လ​ရောင်နားအ​ပြေး​လေးသွားကြကာ ဗိုက်ပူ​လေးကို အလယ်မှာညှပ်လျက်ကလိထိုး​​လေသည်။ သုံး​ယောက်လုံး သူတစ်လှည့်ငါတစ်လှည့် ကလိထိုးရင်း တခစ်ခစ်နှင့်​ပျော်​နေပုံက တကယ့်က​လေး​​လေးတွေလိုပင်။ မားမားရယ်၊ပါပါးရယ်၊ ​​နေယံရယ်က​တော့ ထိုငကဲ​လေးသုံး​ယောက်ကိုကြည့်ကာ​ခေါင်းတခါခါနှင့်သာ။ မနိုင်ဘူးဆိုသည့်ပုံနှင့်။ ဒီ​နေ့အတွက် လ​ရောင်​ရောက်လာ​တော့ သူတို့တစ်မိသားစုလုံး ​ပျော်ကြရတယ်​လေ။ ထိုက​လေးငယ်သည် ထိုသို့အ​ပျော်​တွေကိုကူးစက်​ပေးနိုင်စွမ်းရှိ​လေရဲ့။

အိမ်အပြန်လမ်းတွင်​​တော့ က​လေးငယ်၏ထုံးစံအတိုင်းမျက်နှာမ​ကောင်းပြန်​တော့။ သူမာမားအိမ်လိုက်ပို့ချင်​ပေမယ့်လည်း ပြန်လာရင်ထိုသို့မျက်နှာမ​ကောင်းတက်တာ​ကြောင့် တစ်ခါတစ်​လေ​တော့လည်း လိုက်မပို့ချင်။

"Ring..Ring"

လ​ရောင်ပြတင်း​ပေါက်ဘက်ကို​ငေး​နေတုန်း ဝင်လာ​​သောဖုန်းသံ​ကြောင့်ကြည့်မိ​တော့ မင်းဝသုန်

"ဟယ်လို သုန်သုန်

ထိုက​လေးနှုတ်က သုန်သုန်ဆို​သော အသံထွက်လာသည်နှင့် ​နေယံအလိုလိုနားစွင့်မိသည်။

"အင်း ဗိုက်ဘယ်မှာလဲ။ "

"မားတို့အိမ်ကအပြန်လမ်းမှာ။ ခု​​တော့oceanနား​ရောက်ခါနီးပီ"

"ဟုတ်လား။ ငါoceanလာခဲ့ရမလား?seasonမှာမုန့်လိုက်​ကျွေးမယ်​လေ"

"​အော်​ဟော် တကယ်?"

"တကယ်​ပေါ့ကွ! ငါလည်းအယ့်နားတစ်ဝိုက်မှာ"

"အို​ခေ! အို​ခေး...ဒါမျိုး​တွေအရမ်းကြိုက်တယ်ဗျား"

ဟိုဘက်မင်းဝသုန်က ဘာ​ပြောတယ်မသိဒီဘက်က အ​ကောင်​ပေါက်က​တော့​ ခေါင်း​လေး တညိမ့်ညိမ့်နှင့်​ချက်ချင်းကိုရွှင်လန်းလာ​လေပြီ။ အယ့်တာ​တွေ မကြိုက်တာ.....

ဖုန်းချပြီး​သောအခါ ​နေယံ့ဘက်သို့လှည့်လျက် မျက်လုံးဝိုင်း​လေး​တွေနဲ့ကြည့်လာသည်မို့ ​​နေယံ​ရှေ့သို့ဆက်ကနဲ လှည့်ကာ မသိချင်​ယောင်​ဆောင်​နေလိုက်သည်။ ထိုအခါ ကားစီယာတိုင်ကို ကိုင်ထား​သော သူ့လက်​ကိုလာ​ရောက် ထိ​တွေ့​​သော လက်​ချောင်းသွယ်​လေး​တွေ။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now