Behind the stage![Unicode]

Start from the beginning
                                    

Mewကျောလေးကို ဖွဖွပွတ်ပေးတော့..
Gulfက
ငိုချင်တဲ့ကလေး လက်တို့ဆိုသလို ချော့ကာ
မှ တအင့်အင့်ငိုချလာတော့သည်။

တသိမ့်သိမ့်တုန်နေသော Gulfကျောပြင်
လေးကို ခပ်ဖွဖွပုတ်ပေးရင်း စိတ်လွတ်
လက်လွတ် ငိုချစေရန် လမ်းဖွင့်ပေးနေမိသည်။
"ဟင့်..ဟင့်..အီး.."

ကလေးလေးသဖွယ် Mewကျောပြင်ကျယ်
ကြီးကို ဖက်တွယ်ရင်း Gulfငိုနေမိသည်။
Mewလည်း ဘာမှမမေးတော့ဘဲ အလိုက်
သင့်ပင် Gulfခေါင်းလေးအား ပွတ်ပေးနေ
လိုက်သည်။

တခဏကြာမှ Gulfက Mewကို ဖက်ထားသောလက်တို့အား လွှတ်လိုက်သည်။
အခြေအနေမှာ ရှိုက်သံသာ ကြားရတော့
၍ အဆင်ပြေလောက်သည် ထင်ရသော
ကြောင့် Mewလည်း Gulfခါးကို ဖက်ထားသော လက်တို့အား အသာဖြေချပေးလိုက်သည်။

ထို့နောက် Gulf မျက်နှာလေးအား မျက်နှာချင်းဆိုင် ဖြစ်အောင်ဆွဲယူလိုက်ရင်း..

"ကဲ..ကိုယ့်ကိုပြောတော့..ဘာလို့ငိုတာလဲ..
ကလေးဘာတွေ စိတ်မကောင်းဖြစ်နေတာလဲ"

ထိုအခါ Gulfက ပြောချင်ပုံမရဘဲ
အင်တင်တင်ဖြစ်နေသည်။

"ကိုယ့််ကို လျှို့ဝှက်ချက် မထားဖို့ ပြောထား
တယ်လေ..Gulf ဘာတွေဖြစ်နေလဲဆိုတာ
ကိုယ်မသိရဘဲ ဘယ်လိုလုပ် Gulfချစ်သူ
လို့ခေါ်နိုင်မှာလဲ"

Mewရဲ့ ချော့မြူနေသော စကားများမှာ
လေယူလေသိမ်းကအစ နူးညံ့နေသည်။
တည့်တည့်ကြည့်လာသော မျက်ဝန်းများထက် ဂရုစိုက်ခြင်းများ အပြည့်ပါဝင်နေသည်။
သိမ်မွေ့သော အကြည့်တို့ကို Gulfရင်ကို
အကြိမ်ကြိမ်လှုတ်ခတ်စေသည်။

"ကျွန်တော်..ကျွန်တော် ဒီနေ့ keyတွေအများ
ကြီးပဲ မှားဆိုမိတယ်"

ခပ်လေးလေးသံပြင်းချသံအဆုံး အက်ရှရှ
နှင့် ထွက်လာသော ဝန်ခံချက်လေး..

"ကိုယ်သိတယ်"

"ကျွန်တော်...တကယ်အသုံးမကျသလို
ခံစားနေရတယ်"

Mewချက်ချင်း သိလိုက်သည်။
ဒီကလေး stageပေါ်တွင် လုပ်ခဲ့မိတဲ့ အမှား
သေးသေးလေးများကြောင့် သိမ်ငယ်စိတ်
တွေဝင်နေတာ..

"ကျွန်တော် ဘယ်အချိန် ဝင်ရမလဲဆိုတာ
မေ့သွားတယ်..
ဒီဦးနှောက်က ဒါမျိုးကျရင် သုံးလို့ကို
မရဘူး"

Our Secret DiaryWhere stories live. Discover now