တစ်နေ့ ရီပေါ်နှင့် ရှောင်ကျန့်တို့ ဆိုင်ကယ်နှင့် ကျောင်းအတူလာကျတော့ လမ်း‌ဘေးတွင်ထော့နဲ့ ထောနဲ့နှင့် လမ်းလျှောက်နေသော
ကျိုးကိုတွေ့ လိုက်ရသဖြင့် ရီပေါ်က ဆိုင်ကယ်ကို ရပ်ခိုင်းလိုက်ပြီး ကျိုးအနားအား အမြန် ‌ပြေးသွားလိုက်‌လေသည်။

"ကျိုး ! ဘာဖြစ်တာလဲ ?.......
ခြေထောက်မှာလည်း ဒဏ်ရာတွေနဲ့ ....." ဟုဆိုကာ ကျိုးအနားအား ကပ်သွားသော ရီပေါ် .........

ထို့နောက် ကျိုးနှင့်ရီပေါ် တို့ နှစ်ယောက်သားတိုးတိုးနှင့် စကားခဏပြောပြီး‌သွား‌သောအခါ ........
ရီပေါ်က ရှောင်ကျန့်ကို ပြန်လှည့်ကြည့်လိုက်ပြ်ီး ....

ကျိုး အားဆိုင်ကယ်နှင့် ကျောင်းကိုခေါ်တင်သွားရန် ပြောလာလေသည်။ရှောင်ကျန့်လည်း ထိုစကားကြားကြားချင်း မိမိနားကို မယုံနိုင်ဖြစ်ကာ
ရီပေါ်အားတစ်ခါထပ်ပြီး မေးမိပြန်လေသည်။

"ဘယ်လို .....ကိုယ်က သူ့ကို ဆိုင်ကယ်နဲ့ ကျောင်းကိုခေါ်သွားပေးရမယ် ဟုတ်လား? ကလေး!!!...."
ဟုဆိုကာ ရှောင်ကျန့်က မယုံကြည်နိုင်စွာဖြင့်
ေ‌မးနေသော်လည်း ......

စေတနာကောင်းလွန်းသူ အမောင်ရီပေါ်မှာ ဘာကိုမှ သတိမထားမိစွာဖြင့် ရှောင်ကျန့်အား မျက်လုံးများပိတ်သည်အထိ ပြုံးပြကာ ..........

"အင်း.....ဟုတ်တယ်လေ လူကြီးရဲ့ .......
ကျိုး ကအခု ခြေထောက်နာနေတာ ......
သူ‌ခြေ‌ထောက် အရမ်းနာ‌နေလို့ လမ်းမလျှောက်နိုင်ဘူးတဲ့ ........အာ့ကြောင့် လူကြီးကို အကူညီတောင်းနေတာ သူ့ကို‌ကျောင်း တစ်ချက် လိုက်ပို့‌ပေးဖို့......" ဟုဆိုကာ ရီပေါ်က ဘာမှမခံစားရသလို ပြောနေတော့ ရှောင်ကျန့်က ဒေါ်သများ ထောင်းကနဲ ထလာ၍
နှုတ်ခမ်းပါးကိုသာ ခပ်နာနာလေး ကိုက်ထားလိုက်လေသည်။

"အာ့ဆို ကလေးကရော ......ဘာနဲ့သွားမှာလဲ ?...."

"အင်း .....ကလေးက ရပါတယ် ။ကျောင်းက သိပ်မှမဝေးတော့တာ ။ကလေး လမ်းလျှောက်သွားလိုက်မယ်လေ ....." ဟုဆိုကာ လမ်းလျှောက်သွားရန်ပြင်နေသော ရီပေါ်ကို
ရှောင်ကျန့်က .........

"ကလေးသိလား? ။ဒီဆိုင်ကယ်ကလေ ကိုယ်တို့ မဂ်လာလက်ဖွဲ့အနေနဲ့ ပါးတို့က ဝယ်ပေးထားတာ .....ပြီးတော့ ကိုယ် အရမ်းသဘောကျတဲ့ အရာကိုလည်း ကိုယ်အရမ်းချစ်တဲ့ ကလေးအတွက်ပဲ ဖြစ်စေချင်တာ ။အခြားသူ ဆို ကိုယ့်ဆိုင်ကယ်နောက် လိုက်စီးဖို့မပြောနဲ့ မျက်စောင်းနဲ့ကြည့်ရင်တောင် ကိုယ့်မကြိုက်ဘူး....."လို့ ရှောင်ကျန့်က အသံမာမာနှင့်ပြောတော့ .........

BAD BOYWhere stories live. Discover now