Keep That Secret![Unicode]

Start from the beginning
                                    

အခုMew တွက်ဆချက်အတိုင်းပင်။

Gulfဒီတစ်ခါတော့ အကြီးကြီးမှ အကြီးကြီး
စိတ်ကောက်သွားလေပြီ။

Mewသက်ပြင်းသာ အခါခါချရင်း
သူ့ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့​တောင် မမှတ်ထားဘဲ Chopperနှင့် ဆော့နေသော
ကောင်လေး စိတ်ဆိုးပြေမည့် အရေးကို
တွေးတောနေမိသည်။

"Gulfလေး~~ ကလေးလေး~~"

သူ့အသံကို ကြားသော်လည်း လှည့်မကြည့်ဘဲ
Chopperကို ပေါင်ပေါ်တင်ရင်း ကျကျနန
ထိုင်ဆော့နေလေသော ကောက်စိန်က​လေး..

"အခုတော့ ကိုယ့်ကို ပစ်ပြီး Chopperနဲ့
နေနိုင်ပြီပေါ့"
ငိုမဲ့မဲ့အသံနှင့် ပြောလိုက်တာ အောင်မြင်သွားသည်ထင်ပါရဲ့။
Gulfက လှည့်ကြည့်လာရုံမက မျက်စောင်းပါထိုးသွားလေသည်။

သူ့ကို နည်းနည်းတော့ အဖတ်လုပ်လာပြီဖြစ်၍
နည်းနည်း အဆင့်တက်ရန် ကြိုးပမ်းလိုက်သည်။

Gulf ဘေးတွင် Gulfထိုင်သလို Mewဝင်ထိုင်လိုက်ရင်း..
Gulfပုခုံးလေးပေါ် မေးတင်ကာ..

"ကိုယ့်ကို ခွင့်လွှတ်ပါကွာ..နော်..နော်.."

"သွားပါ..ညီအစ်ကိုက ဒီလိုနေလို့မရဘူး"

ဘုကလန့်သာ ပြန်ပြောရင်း Chopperကိုသာ
ပွေ့နေသောကြောင့်
Mew စိတ်ပေါက်ပေါက်နှင့် Chopperကို
ကြည့်လိုက်သည်။

*ငါ့မှာတော့ ကြိုးစားပမ်းစား ချော့နေရတယ်
မင်းကတော့ ဘာမှ လုပ်စရာမလိုဘဲ
သူ့ရင်ခွင်ထဲရောက်နေပြီ*
Mew စိတ်ထဲမှ ကြိမ်းဝါးရင်း Chopperကို
မနာလိုစွာကြည့်လိုက်သည်။

ထိုအခါ မအူမလည်နှင့် Chopperက သူ့သခင်မည်သူဖြစ်သည်ကိုပင် မေ့လျော့
နေဟန်ဖြင့် Gulfရင်ခွင်ထဲတွင် ဇိမ်ကျနေလေရဲ့။

*နောက်7နှစ်မလိုဘူး Gulfရေ..
ငါ့ကောင်က မင်းမှ မင်း ဖြစ်နေပြီ*ဟုသာ
စိတ်ထဲတွင် အော်ဟစ်ရင်း..

"ကလေး..ကိုယ်တောင်းပန်ပါတယ်နော်..
အရင်ကလဲ ဒီလိုပဲပြောခဲ့တာပဲဟာ..
ကိုယ်တို့ ဆက်ဆံရေးကို လျှို့ဝှက်ထားတာက နှစ်ယောက်လုံးအတွက် အကောင်းဆုံး
ဆိုတာ ကိုယ်တို့သိနေတာပဲဟာ.."

Our Secret DiaryWhere stories live. Discover now