အပိုင်း ၁

1.1K 33 5
                                        


တနေ့သော ညနေခင်းလေးမှာ..
မင်းနဲ့ ဆုံဆည်းစေခဲ့သော မိုးဖွဲလေးတွေ...
မိုးဆဲသွားပြီး ကြည်လင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်​​​နေခိုက် ​​လေနုအေးလေးတွေက လမ်းလျှောက်ထွက်ချင်စိတ် ပေါ်လာတဲ့ကျွန်တော့်ကို ဂျက်ရှိရာ သယ်ဆောင်သွားပြီ.... ဂျက်ကို လည်ပတ်ကြိုး​လေးချည် ကန်ဘောင်ဘေးအတိုင်း လမ်းလျှောက် ထွက်လာခဲ့မိတယ်...
ကြည်လင်အေးမြနေတဲ့အရသာလေးနဲ့အတူ
မွှေးကြိုင်နေတဲ့ မိုးဆန်းပန်းလေးတွေကိုကြည့်ရင်း
ကြည်နူးနေမိချိန်...

"အစ်ကို''

တိုးညင်း ညင်သာလွန်းလှတဲ့
အသံလေး ကြားရာကို လှည့်အကြည့်...
ကျွန်တော့်ထက် နှစ်နှစ်သုံးနှစ်လောက် ငယ်မယ့်ပုံပေါ်ပြီး မိုးမိနေတဲ့ လူငယ်လေးတစ်ယောက်....
တွေ့လိုက်ရတဲ့ မျက်ဝန်းလေးတွေက...
အားငယ်ရိပ်တွေနဲ့....
ရင်ဘတ်ကြီးထဲ စည်းချက်မညီ နှလုံးခုန်သံတွေ
အံ့သြမှင်သက်မိအောင်ကို နားနဲ့မဆန့် ကြားနေရတယ်....
တခဏတာ တွေဝေသွားချိန်မှာ မွှေးပျံ့နေတဲ့ မိုးဆန်းပန်းပွင့်လေးတွေက ကျွန်တော့်ဘဝအတွက် အချစ်ရှိရာကို ညွှန်ပြနေသလိုပါပဲ...

"အစ်ကို''

ဒုတိယ အကြိမ်ခေါ်သံကြောင့် အသက်ပြန်ဝင်လာတဲ့ ကျွန်တော်...

သူ့ကို ပြန်ထူးလိုက်မိတယ်...

"ဘာလဲ..ညီ''

"အစ်ကို ကျွန်တော့်ကို တစ်ခုလောက် အကူအညီ ပေးနိုင်မလား..''

"ရပါတယ်..အစ်ကို တတ်နိုင်တဲ့ အကူအညီဆို ပေးမှာပေါ့..ဘာများလဲ ညီ ပြောကြည့်လေ..''

"ကျွန်တော် ဗိုက်အရမ်းဆာနေလို့ပါ အစ်ကို''

ဆိုတဲ့ အသံလေးက ကျွန်တော့်ဘဝမှာ ပထမဆုံး​ကြားလိုက်ရတဲ့ ..

''အစ်ကို...''ဆိုတဲ့ နွမ်းဖျဖျဖြစ်နေတဲ့ ကောင်လေးရဲ့ အသံလေးကို သတိရမိသွားပြီး ဘာမှစားရသေးမယ့်ပုံလည်း မပေါ်ဘူး...ဆိုတဲ့ အတွေးစတချို့...

"အခု..ငါ့ညီက ဘယ်ကလာတာလဲ..ဘယ်ကိုသွားမလို့လဲ..သွားစရာ နေရာရော ရှိရဲ့လား ''

"ကျွန်တော် အိမ်ကထွက်ပြေးလာတာ ပိုက်ဆံလည်း ပါမလာခဲ့ဘူး..ခုထိလည်း ဘာမှ မစားရ​​​​​​သေးဘူး..''

''ကောင်းကွာ....''ကျွန်တော်အံ့သြသွားမိ..
"ညီက ဘာလို့ အိမ်က ထွက်ပြေးလာရတာလဲ...ညီ့မိဘတွေ စိတ်ပူနေမှာပေါ့..အိမ်ကိုပြန်ပါ ညီရာ..လူငယ်တစ်ယောက် အပြင်မှာ လေလွင့်နေရင် မကောင်းဘူကွ..''

"ကျွန်တော် အိမ်မပြန်ချင်ဘူး အစ်ကို..အစ်ကို မကူညီနိုင်ရင်လည်း နေပါ..ကျွန်တော့်ကို အိမ်မပြန်ခိုင်းပါနဲ့ဗျာ''....

ဘာများ ဖြစ်ခဲ့လို့ပါလိမ့် ???????
ကျွန်တော်ခေါင်းခြောက်သွားသည်...

"ဟုတ်ပြီ..အဲဒါဆိုရင် အစ်ကိုကူညီမယ်..ထမင်းလည်းကျွေးမယ်..အိမ်ကိုလိုက်ခဲ့..အစ်ကိုက တောင်ကြီးကနေ မန္တလေးကို ဆေးကျောင်းလာတက်တာ..တောင်ပေါ်သားကြီးပေါ့ကွာ..မိဘတွေက အစ်ကိုအတွက် ဒီနားလေးမှာ​ အိမ်တစ်လုံးဝယ်ပေေးထားတယ်..ဒီကန်ဘောင်ကနေ နည်းနည်း လမ်းလျှောက်သွားရင် အစ်ကို့အိမ်ရောက်ပြီ..ခြံဝင်းကလည်း အကျယ်ကြီးပဲ.. အိမ်မှာ​​ အစ်ကိုနဲ့ ဒီကောင် ဂျက်ရယ်ပဲ ...မင်းကိုကြည့်ရတာ ရိုးသားမယ့်ပုံပဲ....အစ်ကို အကူအညီ ပေးနိုင်ပါတယ်..လိုက်ခဲ့ကွာ''

"ကျေးဇူးပါ အစ်ကို.. အစ်ကို့ကျေးဇူးကို တချိန်မှာ ပြန်ဆပ်ပါ့မယ်..''

"ရပါတယ်..ညီရာ..အစ်ကိုကူညီနိုင်လို့ ကူညီတာပဲ..အစ်ကိုလည်း ညီတစ်ယောက် ရတာပေါ့ကွာ..ပြီးတော့ အိမ်ကြီး တစ်အိမ်လုံးမှာ အစ်ကိုနဲ့ ဂျက်ပဲရှိတာကွ..အဖော်မရှိတာ နဲ့ အတော်ပဲ..အခုတော့ အစ်ကို့အတွက် အဆင်ပြေသွားတာပေါ့...''

ဒီလိုနဲ့ ကျွန်တော်ရယ် .. ဂျက်ရယ်..သူရယ်..ကျွန်​​တော်တစ်ယောက်တော့ ​မိုးဆန်းပန်းလေးတွေကို ငေးမောရင်း
ဒီနေ့စွဲလေးကိုတော့ ကျွန်တော့်တစ်သက် မေ့မှာ မဟုတ်တော့ပါဘူး.........

"အစ်ကို့နာမည်ကရော...''
''အစ်ကိုလား....တောက်ပလို့ ဖေဖေမေမေတို့ပေးထားတာပဲ''...''ညီနာမည်ကရော....''

ညိုးငယ်နေတဲ့ သူ့မျက်နှာလေးကိုကြည့်ရင်း ကျွန်တော်မေးချင်နေသေးတဲ့ သူ့အကြောင်းတွေကို နှုတ်က မထွက်ဝံသေး...
လေးဖင့်ခြင်းများစွာဖြင့် သက်ပြင်းတွေသာ အခါခါ ချနေမိပါတော့တယ်...
..... ..... ..... ....

Oxygen LayWhere stories live. Discover now