ကိုယ့်ကိုကိုယ်တောင်ကိုယ်မပိုင်တော့သလိုပဲ...။

ဝမ်ရိပေါ်ကရှောင်းကျန့်အတွက်အင်္ကင်္ျီထုတ်ပေးကာလဲပြီးရင်အောက်ဆင်းခဲ့'ဆိုတဲ့စကားသာပြောရင်းအပြင်ကိုပြန်ထွက်သွားတယ်။

ရှောင်းကျန့်အဝတ်အစားကိုအမြန်လဲရင်းအောက်ကိုဖြည်းဖြည်းချင်းဆင်းခဲ့တော့မြင်ရတဲ့အရာတွေကသူ့ကိုမှင်သက်သွားစေတယ်။

ဝမ်ရိပေါ်ရဲ့အိမ်ကဘုရင့်မျိုးနွယ်တွေနေတဲ့အိမ်အလားခန်းနားကာကျယ်ကျယ်ဝန်းဝန်းရှိလှပြီးအိမ်ရဲ့နေရာအများစုကရွှေရောင်တလက်လက်တောက်ပနေကာရွှေအစစ်တွေနဲ့ပြုလုပ်ထားသလားတောင်မသိ...။

သူအိမ်ကြီးရဲ့နေရာအနှံ့ကိုငေးမောကြည့်ရင်းနဲ့အောက်ကိုရောက်တော့ဝမ်ရိပေါ်က
သူ့ရှေ့ကိုရောက်လာကာပွေ့ချီလိုက်တာမို့ မပြုတ်ကျအောင် ဝမ်ရိပေါ်ရဲ့လည်တိုင်ကိုအလျင်အမြန်ဖက်တွယ်လိုက်ရတယ်။

"ဝမ်ရိပေါ်...မင်းဘာလုပ်တာလဲ!!ငါ့ဘာငါလျှောက်လို့ရတယ်...ငါကလေးမဟုတ်ဘူး"

"ကလေးမဟုတ်လည်းကျွန်တော်ကချီခေါ်သွားရမှာပဲ...ခင်ဗျားကသူများအမြင်မှာဘယ်လောက်ပဲသန်မာတဲ့ယောက်ျားအရင့်အမာကြီးဖြစ်နေ
ပါစေဦး...ကျွန်တော့်ဆီမှာတော့ခင်ဗျားကအထိခိုက်မခံနိုင်တဲ့ကလေးလေးပဲ"

"အာ"

ဝမ်ရိပေါ်ရဲ့စကားတွေကြောင့်ရှောင်းကျန့်ရင်ထဲအမည်မသိတဲ့လှိုင်းကလေးဖြတ်သွားသလိုခံစားရကာမျက်နှာတွေလည်းပူလာမိသည်။

ဝမ်ရိပေါ်ကတော့သူမဟုတ်သလိုပင် မျက်နှာထားကိုပြန်တည်လိုက်ကာ သူ့ကိုပွေ့ချီမြဲအပြင်ဘက်သို့ခေါ်ဆောင်သွား
သည်။

ဝမ်ရိပေါ်ရဲ့အိမ်ကအတွင်းဘက်တင်ခန်းနားတာမဟုတ်ပဲအပြင်ဘက်ပါအတော်လေးကျယ်ဝန်းကာခန်းနားတာမို့ သူအရမ်းကိုအံ့သြနေမိသည်။

မျက်စိတစ်ဆုံးမြင်နေရတဲ့ခြံဝန်းကြီးက
သူကားနဲ့ထွက်ပြေးလို့ရခဲ့ရင်တောင်အတော်လေးမောင်းရမယ်မှန်းခန့်မှန်းမိတယ်။

ကားကအိမ်ရဲ့မလှမ်းမကမ်းမှာပဲရပ်ထားကာ ကားရှေ့မှာလည်းSuitအပြည့်နဲ့လူတစ်ယောက်ကရပ်စောင့်နေတာမို့ ဝမ်ရိပေါ်ရဲ့ချမ်းသာမှုက အတော်ပင်မြင့်မားမှန်း သူသတိထားမိတယ်။

Sweetie Honey Boy 🚨🔞[Completed]Where stories live. Discover now