One Way Ticket (Unicode)

2.7K 494 33
                                    

" ဝမ်ရိပေါ်.... ဟိုဖိုင်တွဲလေး မိတ္တူကူးပေးပါဦး........ "

" ဝမ်ရိပေါ်... ဆရာ့အတွက် ကော်ဖီဖျော်ပေးပါဦး........."

" ဝမ်ရီပေါ် ..... ဝမ်ရိပေါ်...... ဝမ်ရိပေါ်....... "

" ...................."

" ....................."

" ဝမ်ရိပေါ် ... အိမ်ပြန်ရောက်ရင်လဲ အင်္ကျီကို အဝတ်ဟောင်းခြင်းထဲ သေချာချွတ်လေ.... ပီးစလွယ်မချွတ်နဲ့လေ... ငါကနင့် အလုပ်တွေကိုပါ လိုက်လုပ်ပေးနေရတာ.... ငါ့ကို.......... "

" ...................."

နှာဖူးပေါ်ကျနေတဲ့ ဆံပင်တစ်ချို့ကို လေနဲ့ ဖူးခနဲ မှုတ်ပီး မျက်လုံးကို လှန်ကာ နားကြပ်ကို ကောက်တပ်လိုက်တယ်...

သေချာတာကတော့ မားမားတစ်ယောက် အနောက်ကနေ တစ်ဗျစ်ဗျစ်တောက်တောက်နဲ့ ဆဲနေလောက်ပြီ ....

အင်းလေ ... ၄၅ ရက်လောက် ဘာမှမပြောပဲ စကိတ်စီးမယ်ဆိုပြီး... အိမ်ကပျောက်သွားဖူးတဲ့ သားတစ်ယောက်ကို ဘာမှမပြောပဲ ပြန်တင်ထားတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပီ ..

ဒါပေမဲ့ သူကလဲ ဂရုမစိုက်သလို .. ဝမ်မားမားကလဲ ဂရုမစိုက်... ဆေးလိပ်ပင် အသောက်ပျက်မည် မဟုတ်...

အသက် ၁၆နှစ်နဲ့ အဖေမပေါ်ပဲ မွေးလာတဲ့ သား ရှိခြင်းမရှိခြင်းက မားမားအတွက် အရေးပင်မပါ...

ဖျက်ချမခံရတာနဲ့ပင် တော်တော် ကံကောင်းနေပီ... ဒါပေမင့် ဝမ်ရိပေါ်တစ်ယောက် ကျေးဇူးကိုမတင်..

အမေကလဲ လုပ်ချင်တာလုပ် ... သားကလဲလုပ်ချင်တာလုပ်ပဲ....

ထပ်ခိုးထပ်က တွန့်ကြေနေတဲ့ အိပ်ရာခင်းပေါ်ကို ဘုန်းခနဲ ပစ်ချလှဲလိုက်တော့ ..

ဝင်နေကြ ရင်ခွင်တစ်ခုကို အကျင့်ပါစွာလွမ်းလာတယ်......

မနက်တိုင်း မျက်နှာပေါ် တက်လျှက်ပြီး အိပ်ရာနှိုးတတ်တဲ့ Liziကိုရောပေါ့...။

ဝမ်ရိပေါ်... ဝမ်ရိပေါ်... နဲ့ အလုပ်မှာရော အိမ်မှာရော ခနခန ကြားနေရတော့ ကိုယ့်နာမည်ကိုပင်မုန်းချင်လာတယ်... Head Phone ကနေ လာနေတဲ့ သီချင်းသံက အစ ဝမ်ရိပေါ် ဝမ်ရိပေါ် နဲ့ မြည်နေသယောင်...

One Way Ticket (Completed)Where stories live. Discover now