*****

ရှောင်းကျန့်သတိရလာလာခြင်းမြင်လိုက်ရတာကမျက်နှာကျက်တစ်ခု အတိအကျပြောရရင်တော့အစိမ်းရောင်နဲ့အနီရောင်နှစ်ခုကို စက်ဝိုင်းသဏ္ဍာန်ရောယှက်ထားကာ ဆေးခြယ်ထားသည့်မျက်နှာကျက်တစ်ခုပင်။

"စေ့စပ်ပွဲ!!မယ်ရီနဲ့ငါ့ရဲ့စေ့စပ်ပွဲ...
ငါမရှိတော့ရင်မယ်ရီဘယ်လိုကျန်ခဲ့..."

"ကိုယ်တိုင်ကအဖမ်းခံနေရတာတောင်
ခင်ဗျားသတို့သမီးလေးအတွက်စိတ်ပူနေသေးတယ်နော် ဟက်...ခင်ဗျားတော်တော်သတ္တိကောင်းတာပဲရှောင်းကျန့်"

အသံလာရာကိုကြည့်လိုက်တော့ ရှောင်းကျန့်နဲ့မလှမ်းမကမ်းမှာ ဝိုင်ခွက်တစ်ခွက်ကိုကိုင်ထားရင်းရှောင်းကျန့်ကိုအကြည့်စူးစူးတွေနဲ့စိုက်ကြည့်နေတဲ့ နုငယ်ပြီးချောမောလွန်းလှတဲ့ကောင်လေးတစ်ယောက်...

ရှောင်းကျန့်ရဲ့လက်နှစ်လုံးကိုကုတင်တိုင်မှာပူးပြီးချည်ထားတာကြောင့်ကောင်လေးရဲ့မျက်နှာကိုသေချာမမြင်ရသော်လည်းအလွန်ချောမော
မှန်းဖျတ်ခနဲကြည့်လိုက်ရင်တောင်သိသာလွန်းသည်။

"မင်း..မင်းဘယ်သူလဲ!!ဘာလို့ငါ့ကိုဖမ်းထားတာလဲ အခုလွှတ်ပေးစမ်း"

"မလွှတ်ပေးဘူး!!...ကျွန်တော်လွှတ်ပေးလိုက်ရင် ခင်ဗျားအဲ့မိန်းမဆီပြန်သွားမှာမလား..ကျွန်တော်ခင်ဗျားကိုဒီကိုခေါ်လာတာ
ပြန်လွှတ်ပေးဖို့မဟုတ်ဘူးကျန့်ကော"

"ငါမင်းကိုဘာလုပ်ခဲ့လို့ငါ့ကိုဖမ်းလာတာလဲ...ငါမင်းကိုသိတောင်မသိဘူး ငါ့ကိုပြန်လွှတ်ပေး!!"

"အာ...ကျန့်ကောကကျွန်တော့်ကိုမသိဘူးလား
ဒါဆိုလည်းရင်းနှီးမှုယူရမှာပေါ့ ကျွန်တော့်နာမည်ကဝမ်ရိပေါ်...
ကျန့်ကောကြားဖူးမှာပါ...ကျန့်ကောနဲ့ကျွန်တော် ဒီ့ထက်ပိုရင်းနှီးကြမလား"

"ဟင့်အင်း...မယ်ရီ ! မယ်ရီ့ဆီငါပြန်သွားရမယ် ငါ့ကိုလွှတ်ပေးပါ ဝမ်ရိပေါ် ...ငါ ငါတောင်းပန်ပါတယ် "

"ဟား...ဒီလိုအချိန်မျိုးမှာတောင်ဒီစကားပြောထွက်တဲ့ခင်ဗျားကိုကျွန်တော်အံ့သြတယ်.."

ဝမ်ရိပေါ်ကထိုင်နေရာမှထလာကာဖန်ခွက်ကို အားပြင်းပြင်းနဲ့ရိုက်ခွဲပစ်လိုက်တာမို့ သူမျက်စိကိုခပ်တင်းတင်းမှိတ်ထားမိသည်။

Sweetie Honey Boy 🚨🔞[Completed]Where stories live. Discover now