ခဏအကြာ သတိပြန်ဝင်လာမှ ရှောင်ကျန့်ကို ဆွဲကာ တားသော်လည်း ညကအိပ်ရေးပျက်ထားသော အရှိန်ကြောင့် ရှောင်ကျန့်၏ဒေါ်သ ဖြင့်ရုန်းကန်မှုကို မခုခံနိုင်ဘဲ ကြမ်းခင်ပေါ်တွင် ခွေကျ သွားလေသည်။

ရီပေါ်လဲကျ‌သွား‌တော့ စိုးရိမ်ကာပြေးထူသော ရှောင်ကျန့် ။
ရီပေါ်ကို ပြေးထူမိတော့ ...…...…............

😁😁😁😁❣️❣️❣️❣️ဒီနေ့ ဒီလောက်ပဲ ထွက်တော့တယ် ...........
တိုသွားတာ တောင်းပန်ပါတယ်နော် စိတ်မဆိုးပါနဲ့
နော် .........ဟီဟီ

[Unicode]
ဆောင်းဦးရဲ့ ပင်လယ်ပြင်မှ တိုက်ခတ်လာတဲ့ လေက
နေ့ပိုင်းတွင် မသိသာသော်လည်း ညပိုင်းတွင် တကယ်ပင်အေးစက်လွန်းလှသည်။
အနွေးဓါတ်ရရန် မီးဖိုချင်သော်လည်း အနောက်မှ တိတ်တိတ်ကလေးလိုက်လာသော ရီပေါ်တို့အဖို့ ကမ်းစပ်မှ ဖိုထားသောမီးဖိုလေးကိုသာ လှမ်းကြည့်၍ အအေးဓါတ်ကို ခုခံနေရလေသည်။

ထိုသို့ ဖြင့် ကားထဲတွင် ယူလာသော အနွေးထည်များကို ဝတ်ကာ၊ အလာတုန်းက ဝယ်ထားသော အသင့်အစာများကိုသာ အဆင်ပြေသလို ထုတ်စားရင်း မလှမ်းမကမ်းမှ ချစ်ရသူတို့ကို ထိုင်ကြည့်နေလေသည်။

မနက်လင်းတော့ ရှောင်ကျန့်တို့ကားလေး မပြန်ခင် ရီပေါ်တို့ကားလေးသည် ထိုနေရာမှ အရင်ဆုံးပြန်သွားကြလေသည်။ရီပေါ်တို့ ပြန်ပြီး နာရီဝက်လောက်အကြာတွင် ရှောင်ကျန့်တို့ကား‌လေးလည်း ‌ကမ်းခြေမှ နေထိုင်ရာမြို့ဆီသို့  စတင်ထွက်လာနေပြီ ဖြစ်သည်။

‌ကိုယ်ဆီ အိမ်ရောက်၍ ကားပေါ်မှ  တစ်ယောက်ပြီးတစ်ယောက် ဆင်းခဲ့ရာ  ရှောင်ကျန့်အိမ်အရောက်တွင် ကားပေါ်၌ ကျောင်းသားအချို့နှင့် ကျောင်းသူအချို့သာ ကျန်ခဲ့လေသည်။ ရှောင်ကျန့်တစ်ယောက် ကားပေါ်ကဆင်းဆင်းချင်းပင် "ကိုကို " ဟုဆိုကာ အပြေးလာဖက်ပြီး ပါးနှစ်ဖက်ကြီးအား နမ်းနေသော ရီပေါ်ကြောင့် ရှောင်ကျန့်၏ မျက်နှာကြီး နှစ်ဖက်သည် ခရမ်းချဉ်သီးကြီးကဲ့သို့ နီမြန်း လာ‌လေသည်။ထို့ကြောင့် ကားပေါ်မှ ပါးစပ်ကြီးဟောင်းလောင်းနှင့် ကြည့်နေသော သူများအား ရှောင်ကျန့် အားနာစွာဖြင့် တစ်ချက်
ပြုံပြလိုက်ပြီး  ရီပေါ်၏လက်အားဆွဲကာ အိမ်ထဲသို့ အမြန်ဆွဲခေါ်သွားလေသည်။

BAD BOYWhere stories live. Discover now