"ဘယ်သွားမလို့လဲ ကလေးရ .......
အခုမှတော့ ထွက်ပြေးလို့ မရဘူးနော် ......
ကိုယ့်ကိုကလိတုန်းက ကလိပြီးတော့ ......"ဟု ဆိုကာ ရီပေါ်ကိုလိုက်နမ်းနေသလို မထိတထိနှင့်စနေသော ရှောင်ကျန့် ။

ရီပေါ်က မိမိအား မထိတထိနှင့် လိုက်စနေသော ရှောင်ကျန့်၏ နှုတ်ခမ်းပါးလေးအား လက်ချောင်းလေးများဖြင့် ကာလိုက်လေသည်။
ထို့နောက်တွင်ရှောင်ကျန့်အား  နှုတ်ခမ်းလေးဆူပုပ်ကာ မျက်စောင်းကြီးထိုးလိုက်ပြီး.............

"ခင်ဗျားကြီးက ကျွန်တော့်ကိုမှ တကယ်မချစ်တာ
ခင်ဗျားက ကျွန်တော်မရှိရင် အခြားသူဆီသွားမှာသေချာတယ် ......ပြီးတော့
ကျွန်တော့်ကိုလည်း  အချိန်တန်ရင် ပစ်သွားမှာ.....
ပြီးတော့ ကျွန်တော်လည်း ခင်ဗျားကို မချစ်ဘူး မုန်းတယ် ........." ဟုဆိုကာ မျက်ရည်များရစ်ဝဲလာပြီး မကျေနပ်ချက်များကို ရင်ဖွင့်နေသော ရီပေါ် ။

ရီပေါ်၏စကားများက ရှောင်ကျန့်၏စိတ်ရိုင်းများကို
နိုးထစေသည်။မုန်းတယ်လို့ မပြောပါနဲ့ဟု သတိပေးထားသော်လည်း နောက်တစ်ကြိမ်ထပ်မံပြောဆိုလာသော ရီပေါ်ကို
ရှောင်ကျန့်အလွန်ပင်ဒေါ်သထွက်လာလေသည်။

"တောက် !!!!!!........"

တောက်တစ်ချက်ခေါက်ကာ ရီပေါ်နားမှ ခွါ၍ ရီပေါ်အား ကျောပေးထားလိုက်သော ရှောင်ကျန့် ။
ဘယ်လိုပင် ဒေါ်သထွက်ပါစေ ........ချစ်ရသူကိုတော့
နည်းနည်းမှ အထိခိုက်မခံနိုင်သော ရှောင်ကျန့်အဖို့ ဒေါ်သကို တက်နိုင်လောက်ထိန်းထားလေသည်။
ဒေါ်သထိန်းနေ‌သည်ကြားမှ တစ်ချက်တစ်ချက်ပေါ်လာသော အတွေးအချို့ကြောင့် စိတ်မထိန်းနိုင်ကာ ရီပေါ်နှင့်ကပ်နေသော နံရံကြီးအား ရှောင်ကျန့်တစ်ယောက် ဆက်တိုက်ထိုးနေမိသည် ။
နာကျင်သည်။ လက်ကအရမ်းနာကျင်သည်။လက်၏နာကျင်မှုထက်
နှလုံးသား စိတ်ဒဏ်ရာက ပို၍နာကျင်သည်။

ရီပေါ်တစ်ယောက် ရှောင်ကျန့်ကို စိတ်ကောက်ချင်၍ ပါးစပ်ထဲရှိရာ ပြောလိုက်မိသော်လည်း ...........
ရုတ်တရက် ကျောခိုင်းသွားပြီး ပြန်လှည့်လာကာ နံရံအားထိုးနေသူ‌ ရှောင်ကျန့်ကြောင့် အံ့ ဩစွာပင် ကြောင်ကြည့်နေမိသည်။

BAD BOYWhere stories live. Discover now