အပြင်ရောက်တော့ သူ့အိမ်ကဟင်း
တွေလာပို့ပေးတဲ့ မေမီကမပြန်ရ
သေးပဲရောက်လာထဲကဧည့်ခန်းက
ဆိုဖာပေါ်မှာ ဖုန်းထိုင်ကြည့်နေမြဲ။
အန်တီကလည်းအိပ်ရာထဲလဲနေ
တာကြောင့် အိမ်ကိစ္စတွေဘာမှ
မလုပ်နိုင်လို့ ကျွန်တော်တို့ကပဲ
ဒီရက်ပိုင်း အမြဲဝင်ထွက်ကာ
တတ်နိုင်သလောက်ကူညီနေကြတယ်လေ။

"ဆုလာဘ် ဒီကိုလာအုံး"

မေမီခေါ်နေတာကြောင့် ကျွန်တော်
အနားလျှောက်သွားပြီး ဘေးမှာထိုင်
လိုက်တော့မေမီက သူ့ဖုန်းကိုပြလာသည်။

"ကိုစစ်ကြောင်းနဲ့ ဟိုအစ်မနန်းမူယာ
တို့ပြန်တွဲနေကြ ပြီလား မသိဘူး"

မေမီ ကျွန်တော့်မျက်နှာကိုကြည့်
ကာပြောချိန် ကျွန်တော်ဘာမှပြန်မပြောမိ။

"ဒီပုံ အစ်မနန်းမူယာသူ့my day
မှာတင်ထားတာ ဒါကိုစစ်ကြောင်း
ကားထဲမှာ မဟုတ်ဘူးလား"

မေမီပြသည့်ပုံကို ကျွန်တော်ယူကြည့်
လိုက်မိချိန်အစ်မနန်းမူယာကsefile
ရိုက်ထားသည့် သူ့မျက်နှာပုံကို
သူ့accက my dayမှာတင်ထား
တာပင်။ဒါဘယ်သူ့ကားထဲမှာလည်း
ဆိုတာ စဉ်းစားစရာပင်မလို အစ်မ
နန်းမူယာရဲ့ပုံထဲမှာ တစ်ပိုင်းတစ်စ
မြင်နေရသည့်ကားမောင်းသူနေရာ
မှာထိုင်ကာ ဆေးလိပ်သောက်နေ
သည့် ကိုမင်းစစ်ကြောင်း။

"အစ်မကြီးကလည်း အံ့သြစရာနော်။
သူတို့ပြတ်တုန်းက ကိုစစ်ကြောင်း
ကိုအရွဲ့တိုက် မကောင်းပြောပြီး
statusတင်ထားက သူမဟုတ်
တော့သလိုပဲ။ဒီရက်ပိုင်း ကျောင်းကို
လည်းအတူတူလာပြီး ကိုစစ်ကြောင်း
နဲ့တွဲသွားတွဲလာတွေ လုပ်နေတယ်တဲ့"

ကျွန်တော် မေမီကိုဘာမှပြန်မပြော
နိုင်တော့ပဲ ဖုန်းကိုပြန်ပေးလိုက်သည်။
စိတ်ထဲမှာတော့ ဘာဖြစ်လို့ဖြစ်နေ
မှန်းမသိပေ သူတို့ တစ်ကယ်ပဲပြန်
အဆင်သွားကြပြီလား။

ကျွန်တော် သူများကိစ္စတွေဝင်မပါ
တတ်ပေမဲ့  တစ်ခြားဘာသဘောမှ
မပါပေမဲ့ ကျွန်တော်ကအားလုံးကို
သိနေတော့ ကိုမင်းစစ်ကြောင်း
အတွက် သိပ်တော့စိတ်မကောင်း။
သူ့ကိုထားသွားတာတောင်ပြန်တွဲ
တယ်ဆိုတော့ ဒီအစ်ကိုကြီးက
အစ်မနန်းမူယာကို တော်တော်လေး
ချစ်တယ်ထင်ပါတယ်။

Reward[Him From Final Year]Onde histórias criam vida. Descubra agora