"ဟို ကိုဇော့်ကိုအဲ့လူတွေက
တစ်ကယ်ပဲ တစ်ခြားရည်ရွယ်ချက်
မရှိပဲနဲ့ လူမှားပြီးတော့ရိုက်မိတာလား။
သူတို့ပြန်တောင်းပန်တုန်းက တစ်ခြား
ဘာပြောသွားသေးလဲ"

စိတ်လောကာ အလောတကြီးမေး
လိုက်တဲ့ ကျွန်တော့်ကို ကိုဇော်
က ကြည့်နေတော့ အသာပြုံးပြပြီး
မျက်နှာပျက်နေသည်ကိုထိန်းနေရသည်။

"အင်း ကိုယ်နဲ့နမယ်တူနေတဲ့
တစ်ယောက်နဲ့လူမှားတာတဲ့ အမှု
တွေဘာတွေလည်းမလုပ်ချင်တော့
လို့ကိုယ့်ဘက်က ကျေအေးပေးလိုက်
တာပဲ။ကံဆိုးသွားတယ်လို့ပဲသတ်မှတ်
ရတော့မှာပေါ့"

ကိုဇော့် စကားအဆုံးကျွန်တော့်
စိတ်တွေမတည်ငြိမ်နိုင်တော့။
လက်ကအဝတ်ခေါက်နေရပေမဲ့
စိတ်ကပြန့်လွင့်နေသည်။တရားခံ
တွေကိုမိပြီးတဲ့နောက်မှာကျွန်တော်
သိလိုက်ရတာ ကိုဇော်ဒီလိုဖြစ်ရတာ
တစ်ကယ်ပဲ ကိုမင်းစစ်ကြောင်း
လုပ်တာ မဟုတ်ဘူးပဲ။ကျွန်တော်
ဘယ်လိုမျက်နှာပြပြီး ပြန်တောင်းပန်
ရမှာလဲ ကိုစစ်ကြောင်းကိုတောင်းပန်
စကားပြောဖို့တောင် သူ့ရှေ့လုံးဝ
မသွားရဲတော့ဘူး။

"ဆုလာဘ် ဆုလာဘ်"

"ဗျာ"

အတွေးလွန်နေရာက ကျွန်တော့်
နမယ်ကိုခေါ်နေသည့် ကိုဇော့်အသံ
ကိုကြားမှ သတိပြန်ဝင်လာရသည်။
ကျွန်တော့်ကို စူးစမ်းကာကြည့်နေတဲ့
ကိုဇော့်ကိုပြုံးပြလိုက်သည့်တိုင်
ကိုဇော်က ငါ့ညီထူးဆန်းနေတယ်
ဆိုတဲ့မျက်နှာနဲ့။

"ဘာတွေတွေးနေတာလဲ ကိုယ်ခေါ်နေ
တာကြာပြီ"

"ဘာ ဘာမှမတွေးပါဘူး ကျွန်တော်
မကြားလိုက်လို့။ကိုဇော် ဘာခိုင်း
မလို့လဲ"

"အင်း ကိုယ်နားချင်နေပြီ"

"ဟုတ်"

ထိုင်ခုံကနေ မတ်တပ်ထရပ်နေတဲ့
ကိုဇော့်ကို အမြန်သွားတွဲပေးတော့
လည်း လက်တစ်ကာကာနဲ့မကြိုက်ချင်
။ခေါင်းကဖြင့်ပတ်တီးအဖွေးသားနဲ့
လမ်းလျှောက်ရင်းမူးလာရင် ယိုင်ချင်
ချင်ဖြစ်နေသေးတာကို ညီအစ်ကိုချင်း
မာနက လာကြီးနေသေးတယ်။

အခန်းထဲမှာ ဆေးဘူးတွေနေရာ
တကျထားပြီး ရှင်းစရာရှိတာရှင်းနဲ့
သူ့ကုတင်မှာ အိပ်ကာအနားယူနေ
တဲ့ကိုဇော်အေးအေးဆေးဆေးနေ
လို့ရအောင် အခန်းတံခါးပိတ်ပေးပြီး
ကျွန်တော်အပြင် ထွက်လာခဲ့လိုက်သည်။

Reward[Him From Final Year]Where stories live. Discover now