Extra Part (UN)

Começar do início
                                    

"အိုး....Carolရဲ့ဒယ်ဒယ်ကလေးကြီးကမျက်လုံးတွေလဲနီရဲနေတာဘဲ ကျွတ်..ကျွတ် ငိုချင်ငိုလိုက် Didi Carol လေးကကျောင်းသွားတက်တာလေ ရိပေါ်ခဏနေပြန်လာမာပေါ့'ဆိုတော့ရှောင်ကျန့်ကိုပြန်ဖက်ပြီးမျက်ရည်မိုးတွေရွာသွန်းလိုက်တယ်
"ကျန့်ကျန့်သိလားကိုယ်ကသားလေးကိုမခွဲနိုင်ဘူးဆိုတာ ကျောင်းတွေတက်ပြီးကြီလားလို့ကျွန်တော့်ကိုမကပ်တော့မှာကိုကြောက်တယ် ...သားလေးကိုကိုယ်အရမ်းချစ်တာ"

"သိပါတယ်ရိပေါ်ရဲ့ ကျန့်ကျန့်နားလည်တယ် ကြည့်ပါအုံးကလေးကြီးကငိုနေလိုက်တာအခုတော့အိမ်ပြန်ရအောင်သားသားပြန်လာရင်စားဖို့တစ်ခုခုစီစဉ်ရအောင်လေ နော်'

" okok ကျန့်ကျန့်သဘော"

ဒါကCarolလေးကျောင်းစတက်တုန်းကအဖြစ်အပျက်လေးပေါ့

ဒီလိုနဲ့Carolလေးကအသက်၂၀ပြည့်လာပြီငယ်ငယ်က ပါပါးကျန့်ကမေးဖူးတယ် carolလေးကြီးလာရင်ဘာလုပ်မလဲဆိုတာ carol လေးကပြောတယ်စာရေးဆရာလုပ်မာတဲ့ဘာလို့လဲဆိုတော့ပါးပါးနဲ့ဒယ်ဒယ်ရဲ့အချစ်ကိုလေးစားလို့တဲ့ ရှောင်ကျန့်အဲ့တုန်းကဆိုမျက်ရည်ပါကျမိတယ်ဝမ်းသာလွန်းလို့ရိပေါ်ကတော့သူ့သားလေးဖြစ်ချင်တာမှန်သမျှဖြည့်ဆည်းပေးဖို့အဆင်သင့်ဘဲ
Carolလေးကငယ်ငယ်ရွယ်ရွယ်နဲ့နာမည်ကျော်စာရေးဆရာဖြစ်လာတယ် သူပါပါးနဲ့ဒယ်ဒယ်အကြောင်းကိုရေးထားတဲ့ဝတ္ထုလေးကလူငယ်တွေကြားနာမည်ကြီးလာတယ် ပြစ်တင်ပြောဆိုကြတဲ့လူရှိပေမဲ့အများစုကအားပေးကြတယ် Carol လေးကဝတ္ထုထဲမာပြောပြီးသားဇာတ်ကောင်တွေကအပြင်မာတကယ်ရှိပြီးသူ့မိဘတွေဖြစ်တယ်ဆိုတာဒါကြောင့်လူတွေပိုစိတ်ဝင်စားလာတယ် အဲ့အချိန်ရှောင်ကျန့်ကအသက်40ရိပေါ်က34နှစ်သူတို့နှစ်ယောက်ကသားအတွက်ဂုဏ်ယူလို့မဆုံးဘူး ဟောက်ရွှမ်းနဲ့ကျိရန်ကလဲသားလေးကိုအမြဲအားပေးတယ် Carolရဲ့ဝတ္ထုကနာမည်ကြီးလွန်းလို့ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ကမ်းလှမ်းကြတယ် Carol ကပါပါးနဲ့ဒယ်ဒယ်သဘောလိုပြောတော့ သူတို့နှစ်ယောက်ကခွင့်ပြုခဲ့တယ် ရုပ်ရှင်ရိုက်ပြီးမလွှင့်ခင် red carpet အတွက်ဖိတ်ကြားခံရတယ် ရှောင်ကျန့်ကလူများတဲ့နေရာမနေတတ်ပေမဲ့သားလေးအတွက်တတ်ရောက်ပေးခဲ့တယ် ရိပေါ်နဲ့ရှောင်ကျန့် ၃၀ကျော်တွေနဲ့မတူလောက်အောင်နုလွန်းလို့လူတိုင်းအံသြမဆုံးဖြစ်ခဲ့ကြတယ် red carpet မာသူတို့မိသားစုကအဖြူရောင်အနောက်တိုင်းဝတ်စုံကိုဆင်တူဝတ်ခဲ့ကြတယ် ရှောင်ကျန့်ကိုအလယ်မာထားပြီးရိပေါ်နဲ့Carolကဘေးတစ်ဖက်ဆီခြံရံလို့နေတယ် ထိုနေ့မာCarolလေးရဲ့ဒယ်ဒယ်ကစီးပွားရေးလုပ်ငန်းရှင်ဝမ်ရိပေါ်ဆိုတာလူတွေသိသွားကြတယ် အဲ့နေ့မာဘဲနောက်ထပ်hitအဖြစ်ဆုံးကိစ္စတစ်ခုဖြစ်သွားတယ် Carolကကျေးဇူးတင်စကားပြောတယ်

Our Winter's TaleOnde histórias criam vida. Descubra agora