Chapter 16 (Unicode)

14.1K 1.2K 53
                                    

မင်းဆက် တက်ရောက်နေသော သန်လျင်နည်းပညာတက္ကသိုလ်က အတန်းသစ်အတွက် ကျောင်းပြန်ဖွင့်ပြီ။ ရန်ကုန်ကနေ သန်လျင်ကို ကျောင်းတက်ရတာ ဝေးလို့ ဘွားဘွားက မင်းဆက် အဆင်ပြေအောင် သန်လျင်က Star City အိမ်ရာမှာ ကွန်ဒိုတစ်ခန်း ဝယ်ထားပေးသည်။

"မြေးရေ..ကားမောင်းရင် ဂရုတစိုက်မောင်းနော်"

"ဟုတ် ဘွားဘွား၊ အဲ့ဒါဆို ကျွန်တော် သွားပြီနော်"

အိမ်အကူတွေက luggage အိတ်ကြီးနှစ်လုံးနှင့် ဂစ်တာတစ်လက်ကို မင်းဆက်ရဲ့Audi ကားအသစ်ကြီးပေါ်ကို သယ်တင်ပေးကြသည်။ ဘွားဘွားကို ပွေ့ဖက်နှုတ်ဆက်ပြီးတာနဲ့ မင်းဆက်က သန်လျင်ကို ထွက်လာဖြစ်သည်။ ပဲခူးမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသော သန်လျင်တံတားကို ဖြတ်သန်းပြီးတာနဲ့ Star City အိမ်ရာဘက်ကို ရောက်ရှိသည်။ ကွန်ဒိုတိုက်ခန်းကိုရောက်တော့ ဝရန်တာတံခါးကို ဖွင့်ထုတ်လိုက်ချိန်မှာ ပဲခူးမြစ်ကို ဖြတ်သန်းလာသော လေနုအေးက အိမ်ထဲကိုဝင်ရောက်လာသည်။ မျက်စိအေးစရာရှုခင်းတွေကို ငေးကြည့်နေတုန်း ဖုန်းဝင်လာလို့ ဖုန်းကိုင်လိုက်သည်။ ဖုန်းခေါ်သူကတော့ ကျောင်းက ဘော်ဒါသူငယ်ချင်း ချမ်းမင်း။

"ချမ်းမင်း ပြော"

"မင်းဆက်.. သန်လျင်ရောက်နေပြီလား"

"အေး ..အခုပဲရောက်တာ၊ မနက်ကို ဒီကပဲ ကျောင်းတက်မလို့၊ ဒီနေ့ သန့်ရှင်းရေးလုပ်ပြီး နားမလို့"

"ကောင်းသားပဲ၊ ပြောင်နေအောင် ရှင်းထားနော် သားကြီး၊ ညရောက်ရင် ငါတို့လာမယ်၊ မနက်ကို မင်းအိမ်ကပဲ ကျောင်းတက်တော့မယ်"

"ခွေးကောင်တွေ ငါ့အိမ်ကိုများ ဘီယာဝိုင်း၊ အရက်ဝိုင်း ထင်နေလား"

"မင်းကလည်း တစ်ညတလေ လုပ်လိုက်တော့၊ မင်းအိမ်က View မိုက်တယ်လေကွာ၊ ညရှုခင်းကြည့်ပြီး ဘီယာသောက်ရတာ feel ပဲ"

"ကောင်းရောပဲ၊ မင်းရော ဝေကြီးရောပဲ ကျောင်းပြီးရင် အရက်သမားဘွဲ့ပါ အပိုရမယ်သိလား၊ ငထိုက်က မင်းတို့လောက် မသောက်တတ်ဘူး"

"ကျောင်းသားဘဝ ပျော်ရတာ၊ ပြီးမှ လွမ်းတသသ ဖြစ်မနေနဲ့၊ အဲ့ဒီအချိန်ကျမှ မိန်းမမယူနိုင်လို့ ငါ့ကို ပြန်ယူနေရမယ်"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Hikayelerin yaşadığı yer. Şimdi keşfedin