ဘယ်သူပြောနိုင်မှာလဲ
လောကကြီးထဲမှာ
နှလုံးလဲထားတဲ့သူရှိတယ်လို့
ဘယ်သူသိမှာလဲ
အဲ့နှလုံးကခံစားချက်မဲ့နေတဲ့
နှလုံးသားတစ်စုံဆိုတာ
ခံစားချက်မဲ့တာတွေကရော
ဘယ်တော့ပြန်ရှင်မှာလဲဆိုတာ
ဘယ်သူသိမှာလဲ?
အဲ့နှလုံးသားနဲ့လူကရော
ဘယ်သူ့ကိုချစ်သူအဖြစ်
ရှေးချယ်မှာလဲ??
Choi Min Gu
နာမည်ကြီးChoi Groupရဲ့သား
မီဒီယာမှာပြန့်နေတဲ့သူ့ရဲ့သတင်းတွေ
ဘာတဲ့ နှလုံးအစားထိုးထားတယ်ဆိုလား
ဘာမှရေရေရာရာပြန်မပြောတဲ့
Choi Groupကြောင့်
သတင်းအခြေအနေကပြန်ငြိမ်ကျသွားတယ်
သေချာတာကတော့သတင်းတွေက
အမှန်ဖြစ်နေခဲ့တယ်
အထက်တန်းကျောင်းသားဖြစ်တဲ့
Min Guကအချစ်ဆိုတဲ့
အရာကို
တစ်ကြိမ်တောင်မထိတွေ့ဘူးတဲ့အခြေအနေ
အချစ်ဆိုတာကိုလဲနားမလည်
သူသတိမထားခဲ့မိတာက
သူ့ဘေးမှာအချစ်တစ်ခုလုံးရှိနေခဲ့တာကိုပဲ
Park Tae Woo
Min Guဘေးမှာအချိန်ပြည့်
ရှိနေပေးခဲ့တဲ့သူ
Min Guသတိမထားမိတဲ့
သူ့ရဲ့ဘေးကအချစ်ပေါ့
Tae Wooက Min Gu
ချစ်နေရတာကြာခဲ့ပြီ
Min Guကမှအချစ်ကိုမသိတာ
သူပြောနေတော့ရောဘာထူးမှာလဲ
~~~~~~~~~~~~~~~~~~~~~~~
'Yrr..Choi Min Gu........Min Gu
.....Min Gu....Yahhh´
ကျောင်းတစ်ကျောင်းလုံး
ဖုံးလွှမ်းနေတဲ့Tae Wooရဲ့အော်သံ
Min Guပျောက်နေတာ
နေ့လည်လောက်ကတည်းက
ကျောင်းဆင်းနေပြီ
ခုထိပေါ်မလာအိမ်သာတွေမှာလည်းမတွေ့
နောက်ဆုံး
သရဲခြောက်တယ်ဆိုလို့
ပိတ်ထားရတဲ့ကျေုာင်းဆောင်ဆီ
ရှိသမျှသက်တိတွေစု
ပြီးတက်လာလိုက်တယ်
တွေ့ပါပြီဒီကတော့
စိတ်ပူနေလိုက်ရတာ
သူကကျောင်းခန်းတစ်ခန်းရဲ့
ပြတင်းပေါက်ဘေးကခုံမှာထိုင်ပြီး
စဉ်းစားနေလိုက်တာများနက်နက်နောနော
'Min..Min.Gu...´
အေးတိအေးစင်
မျက်နှာနဲ့သူက
ဒီဖက်ကိုလှည့်လာတယ်
'မင်း.ဒီမှာဘာ..လုပ် ....´
'Tae Woo´
'ဘာလဲ´
'ငါ..Soo Jongကိုချစ်နေပြီထင်တယ်´
'ဘာ!´
'ငါလဲ..အံ့သြနေတာာ.ငါဘယ်တုန်းကဒီ
လိုခံစားချက်တွေရှိသွားတာလဲဆိုတာငါကိုယ်
တိုင်လဲမသိဘူး။သူမပြုံးနေတာကိုတွေ့ ရင်
ငါရင်ခုန်တာတွေကမြန်လာတယ်´
'နောက်ဆုံးတော့မင်းခံစားချက်တွေပြန်ရှာတွေ့ 
ပြီိပေါ့´
'ထင်တာပဲ´
'ထားလိုက်တော.လာပြန်ရအောင်´
ကျနော့်ရဲ့နှလုံးသားမရှိတဲ့Min Guတောင်
ချစ်တတ်သွားပြီပဲ
ကျနော်ပဲဒုတိယလူဖြစ်မလား
Soo Jongပဲရှုံးမလား
ဒီကစားပွဲရဲ့ဒိုင်ကတော့
Choi Min Guပဲ
