"ကိုရှိန်း..ကျွန်တော်​ဒေါ်ငယ့်ကိုသွားကူလိုက်လိုက်ဦးမယ်"ဟု​ပြောကာထထွက်ရာတွင်ချစ်ရသူ၏​နောက်ထပ်ရက်စက်​သောစကားတခွန်း...

"ငါ့ကိုကိုရှိန်းလို့မ​ခေါ်နဲ့မင်းလိုအပြစ်သားပါးစပ်ကငါ့နာမည်​ခေါ်တာမကြားချင်ဘူး...နားခါးတယ်..သူများ​တွေ​ခေါ်သလိုအကိုလို့ပဲ​ခေါ်...."

နားခါးတယ်တဲ့..အပြစ်သားတဲ့..ကျွန်တော်ဘာတက်နိုင်မှာတဲ့လဲ...တကယ်ဆိုဖြစ်နိုင်ရင်​လေကျွန်တော့်ရင်ထဲကကျွန်တော်အမြဲတမ်း​ခေါ်ခဲ့ရတဲ့*ကို*ဆိုတဲ့နာမ်စား​လေးကို​​တောင်​ခေါ်ချင်ခဲ့တာ​လေ..ခု​တော့ထိုနာမ်စား​လေးဟာလည်းအ​ဝေးဆုံးမှာ​ချောင်ထိုးခံလိုက်ရပြီ။...ကျွန်တော့်ရင်​တွေနာလှပါပြီ...ကျွန်တော်​တောင့်ခံရမယ်..သူကျွန်တော့်ကိုချစ်လာမှာပါ...ချစ်လာမှာပါ..ကျွန်တော့်ပါး​ပေါ်သို့ထိန်းထား​သောမျက်ရည်​လေး​တွေကျလာသည်မို့ကျွန်တော့်​ခြေလှမ်း​တွေကိုပို၍လျင်မြန်စွာလှမ်း၍ထို​နေရာမှထွက်လာခဲ့သည်။ကျွန်တော်အရင်ကချစ်ခဲ့ရ​သောကိုရှိန်းနှင့်ယခုကိုရှိန်းသည်လားလားမျှမသက်ဆိုင်​တော့ပါ။တ​နေ့​တော့သူ့နှလုံးသားထဲတွင်ကျွန်တော့အတွက်​နေရာ​​လေးတော့ရှိလာမှာပါ​လေ...။

ကိုရှိန်းနှင့်ဂတိ​ပေးထားသည့်အတိုင်းကျွန်တော်final year ကိုအ​ဝေးသင်​ပြောင်းတက်ရမည်။ကျွန်တော်တို့သူငယ်ချင်းသုံး​ယောက်ဘွဲ့အတူတူယူနိုင်​တော့မည်မဟုတ်​တော့ပါ..ကျွန်တော်အ​ဝေးသင်​ပြောင်းမယ့်ကိစ္စကိုမိုးနဲ့အလင်းကို​ပြောပြ​တော့သူတို့ကကိုရှိန်းကို​ဒေါသထွက်ကြသည်။ကိုရှိန်းကကျွန်တော်နဲ့အတူတူရှိချင်လို့ပါလို့​ညာပြောမှပဲသူတို့ပြုံးစိစိနှင့်လက်ခံကြသည်။သူတို့ကို​ပြောပြီးပြီဖြစ်လို့ရင်ထဲတွင်​တော့​ပေါ့သွားသည်။

​နောက်၁ခုကကျွန်တော်ကိုရှိန်းcompanyတွင်အလုပ်ဝင်ရမည်။ကိုရှိန်းကကျွန်တော့်ကိုသူ့အတွင်း​ရေးမှူးလုပ်ခိုင်းသည်။ဘာ​ကြောင့်မှန်းမသိကျွန်တော်အလွန်​ပျော်သည်။အတွင်း​ရေးမှူးလုပ်ပါကကျွန်တော်ကိုရှိန်းကိုအချိန်ပြည့်​တွေ့နိုင်မည်မလား။ကျွန်တော်မနက်ဖြန်အလုပ်စတက်ရမည်။​တော်​တော်​လေးစိတ်လှုပ်ရှား​နေမိပြန်သည်။.....

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now