"မင်းရွေးတာ ဘာဖြစ်ဖြစ်ကွာ ကိုယ်စားမယ်.."

သူဝမ်ရီပေါ်ကိုအမြင်ကတ်ကတ်နှင့်ကြည့်လိုက်တော့ လုပ်ပါဆိုသည့်သဘောဖြင့် သနားစရာကောင်းအောင်လုပ်ပြနေတာကြောင့်...

ရှောင်ကျန်း နောက်တခါ menu ကိုပြန်ကြည့်ပီး ပြန်ရွေးကာ မှာလိုက်သည်။လိုချင်တာရတော့ မျက်နှာက ပြုံးစိစိနှင့် အဲ့ဒီဝမ်ရိပေါ် ဒီနေ့ဘာဖြစ်နေသည်မသိ။ ဆေးစားများမှား နေတာလား။ ဒါမ မဟုတ်... ရှောင်ကျန်းနေ့လည်ကကိစ္စခုမှ သတိရသွားသည် မဟုတ်မှ နေ့လည်က မျန်မျန်က ရိပေါ်ဆီကနေပြန်လာတာလား ဒါကြောင့် သူပျော်နေတာလား။ အဲ့လိုတွေးလိုက်တော့လည်း ရှောင်ကျန်း မဖိခေါ်ပါဘဲ မျက်ရည်များက ဝိုင်းလားပြန်သည်။ ဒါကို ရိပေါ်က မြင်ဖြစ်အောင်မြင်သွားသည်။ ရိပေါ်က နေ့လည်ကတည်းက ရှောင်ကျန်းမျက်နှာကို အရိပ်တကြည့်ကြည့်လုပ်နေမိသည်။ နေ့လည်က ဘာလို့ငိုတာ လဲဆိုတာသူသိချင်သည်။ တယောက်ယောက်ကများ သူ့ကို အနိုင်ကျင့်လို့လား ဆိုပီး သူတွေးနေမိသည်။ ဆိုင်ထဲဝင်တော့ သားကို သူ့ဆီကနေခေါ်လို့ နှုတ်ခမ်းဆူကာ ဆိုင်ထဲ ဘောက်ဆက်ဆက်နှင့်ဝင်သွားပေမယ့် မျက်နှာကတော့ ပုံမှန်ပင်။ စားစရာမှာ ပီးမှ မျက်လုံးများက မျက်ရည်တွေ ဝိုင်းလာတာ သူသတိထားမိသည်။ သူမှာခိုင်းတာကို အနိုင်ကျင့်တယ်လိုများ ထင်သွားတာလား။ အဲ့လိုတာဆို သူအနိုင်ကျင့်တာ မဟုတ်ကြောင်းနှင့်ဒီကောင်းလေးမှာ ပေးသည့် အစားအစာများကို စားချင်တာကြောင့် ဆိုတာ ရှင်းပြချင်သည်။

"ငါခဏ toiletသွားအုံးမယ်... သားသား လိုက်မလား.."

"ဟင့်အင်း"

တနေကုန်ဆော့ထားလို့ သားပင်ပန်းနေသည့်ထင် အသံတောင်သိပ်မတွက် ဆိုင်တွင်းကိုသာ မျက်လုံးလေးပြူးကာ ငေးကြည့်နေလသည်။

ရှောင်ကျန်း toilet ကိုရောက်တော့ မှန်ရှေ့မှာ ပေါ်နေသည့် ကိုယ့်မျက်နှာကို အားမရပါ။ ဒီလူနှင့်ပတ်သက်လာလျှင် ပျော့ညံ့သည့်နှလုံးသားကို သူမုန်းသည်။ ပထမတခါ ကိုယ့်ထက်ဦးသူရှိနေတာကြောင့် လက်လွှတ်ခဲ့ဖူးပီးပီ ဒီတစ်ခေါက်ရော အဲ့ဒီဦးသူကြောင့်ဘဲသူထပ်ပီး လက်လွှတ်ရအုံးမယ်ထင်တယ်... နေ့တဝက်လေးကိုယ့်အပေါ်ကောင်းတာတောင် သူနှလုံးသားက အရည်ပျော်ချင်နေပီ ဟူး... စိတ်ကိုပြန်တင်းကာ...မျက်နှာသစ်လိုက်ပီး ခဏလောက် နေပီးမှ ထွက်လာလိုက်တော့ စားပွဲမှာ အစားအသောက်များပင်ရောက်နေလေသည်။ စားပွဲနားရောက်လာတော့ မမျှော်လင့်သည့် ဧည့်သည်က ကြိုရောက်နေသည်။ ဘေးလူတွေကြည့်ရင် မိသားစု ထမင်းဝိုင်းလိုထင်နေကြမှာ အမှန်ပင်...

အကြောင်းပြချက်မရှိသောDonde viven las historias. Descúbrelo ahora