"ကျွန်တော် ဘာလုပ်ပေးရမလဲ?"
ဒီလူက ဘာလဲ။
ဝမ်ရိပေါ်ရဲ့ဘဝင်မကျတဲ့အကြည့်ကို သူကသဘောတကျရယ်နေတယ်။"ငါနဲ့ ဝေးဝေးနေစမ်းပါ"
ဝမ်ရိပေါ်နေရာက ထထွက်လာခဲ့လိုက်တယ်။ အဆင်မပြေဘူးဆို ဘာတစ်ခုမှ အဆင်မပြေတော့တာ။
ရှောင်းကျန့်နဲ့သူ့ရဲ့ ပြဿနာက မပြောပလောက်စရာလေးပါ။ သူဒီလောက် ရှုပ်ထွေးမနေသင့်ဘူး။
ချက်ချင်းလွမ်းလာတဲ့စိတ်ကို ရိပေါ်မထိန်းချုပ်ထားဘူး။ ကျန့်ကောက သူ့ကိုစောင့်နေမှာ...သူ စောစောပြန်လာမယ်လို့ ပြောခဲ့တယ်။"ဟောက်ရွှမ်း..ငါပြန်တော့မယ်"
"နေဦးလေ ငါလိုက်ပို့မယ်"
"နေပါစေ..taxiနဲ့ပြန်မယ်"
"ဟေ့ကောင် မင်း..ဖြစ်ရဲ့လား?"
"အင်း"
လမ်းမပေါ်မှာ ရောင်စုံထီးတွေရှုပ်ယှက်ခတ်နေတယ်။
ဝမ်ရိပေါ် ထပ်အကျီင်္ပွပွကိုချွတ်ပြီး ခေါင်းပေါ်ဆောင်းလိုက်တယ်။ အောက်ခံတီရှပ်လက်ပြတ် အနီရောင်ကြောင့် ပိုပြီးပေါ်လွင်သွားတဲ့ လက်မောင်းသားဖွေးဖွေးတွေ...
မိုးရေထဲက piercing မင်းသားလေးကို အနားကဖြတ်သွားတဲ့ အမျိုးသမီးတွေ မသိမသာကြည့်ကြတယ်။ တစ်ချို့က သိသိသာသာပေါ့။ပထမဆုံးဖြတ်မောင်းလာတဲ့ taxiကို ဝမ်ရိပေါ်လက်ပြပြီး တားလိုက်တယ်။ လိပ်စာပြောပြီး ကားပေါ်တက်တော့ သူတော်တော်အေးနေပြီ။
မိုးရွာပြီး ကားလမ်းတွေပိတ်နေတာမို့ အိမ်ရှေ့ရောက်တဲ့အချိန်က သူမှန်းထားတာထက် တော်တော်လေးနောက်ကျနေတယ်။ မိုးကတိတ်မဲ့ပုံ မပေါ်ဘူး။
ချောက်!
တံခါးဖွင့်နေတဲ့လက်တွေ ရပ်သွားတယ်။
သူတစ်ခုခုကို သတိရသွားသလို မျက်မှောင်ကျုံ့မိတယ်။(ဒီနားကဆေးရုံမှာဆေးစစ်ဖို့လာရင်းနဲ့ လမ်းကြုံလို့လေ.. ခဏပဲဝင်မှာပါ)
(လူကြီးကအိမ်အလည်လာတာကို ဘေဘီကအိမ်မှာမရှိဘူးဆိုတော့ မကောင်းဘူးပေါ့)
(ဒီတစ်ရက်လေးပဲ သည်းခံပေးပါကွာ...ကိုယ့်ကိုချစ်တယ်မလား)
(ကိုယ့်ကလေးလိမ္မာတာ ကိုယ်သိတာပေါ့)
YOU ARE READING
Crazy Something (Completed)
Fanfiction▶just pieces of pain◀ (Wang Yibo * Xiao Zhan)
part 5
Start from the beginning