Chapter 14 ( Unicode)

13.8K 1.3K 44
                                    

ဒီနေ့က တနင်္ဂနွေဆိုတော့ ဖေဖေ့အလုပ်နားရက်။ ဖေဖေ အိမ်မှာရှိနေလို့ လွှမ်းက ကျူရှင်ကို စက်ဘီးနဲ့မသွားရဘူး။ အိမ်က လိုက်ပို့တဲ့ကားနဲ့ပဲ ကျူရှင်ကို ရောက်လာသည်။

"ချစ်ရိပ်လွှမ်း ..ဘယ်လိုလဲ ရိုက်ခံထိပြီးပြီလား"

"ငါ့ကို တော်တော် ရိုက်ခံထိစေချင်တယ် ဟုတ်လား၊ မေတ္တာတရား ကြီးမားလိုက်တာနော် အာနိုး"

အာနိုးကို အမြင်ကတ်တာနဲ့ လွှမ်းသည် အာနိုးရဲ့ခေါင်းကို စာအုပ်နဲ့ ရိုက်ထည့်ပေးလိုက်တော့မှ ပြုံးဖြီးနေသော ရုပ်က အပိုးသေသွားသည်။

"လွှမ်း ..ဟိုလူက ချောလား"

"ဘယ်သူလဲ၊ အစမရှိ အဆုံးမရှိ"

"မင်းရဲ့ဖူးစာရှင်လေ"

"အာ! ထပ်ပြောပြန်ပြီ၊ ငါတကယ်ကျိန်လိုက်ရမလားပြော"

"မင်းလူကြီးကို ငါတို့လည်း တွေ့ချင်နေတာ၊ BMW စီးတယ်ဆိုတော့ သူဌေးသားပေါ့"

"မင်းရောငါပါ သူဌေးသားပဲလေ၊ ဘာလို့ သူများကို အားကျနေတာလဲ"

"တူမလားကွ၊ မင်း ဖူးစာရှင်ကြီးက ပိုချမ်းသာတယ်၊ ငါတို့လွှမ်းကတော့ ကံကောင်းချက်ပဲ၊ ဖူးစာရှင် သူဌေးသားနဲ့ ညားတော့မယ်"

"ပြောပြန်ပြီ အဲ့ဒီဖူးစာရှင်၊ ထပ်ပြောရင် ငါဆွဲထိုးမှာ၊ ငါဘယ်လောက်ဖြောင့်လဲ မင်းအသိဆုံး၊ မင်းဟာမင်း ပွင့်"

"မင်းဖြောင့်တာက ဖူးစာရှင်က မင်းကိုချစ်တယ်လို့ မပြောလာသေးလို့၊ ငါက မင်းတို့ကို သဘောတူပေးတာ၊ ငါက သင်္ဘောမောင်းပေးမှာ"

"အင်း၊ သင်္ဘောမောင်းရင်း ရေနစ်သေပါစေ"

"မင်းကလေ သောက်ကျင့်ယုတ်တယ် ချစ်ရိပ်လွှမ်း၊ ငါ့ကို အဲ့ဒီလောက် ချစ်တယ်ပေါ့"

"မင်းကိုချစ်လို့ မေတ္တာပို့တာလေ၊ ဆရာဝင်လာနေပြီ၊ အသံတိတ်တော့"

ကျူရှင်မှာ ဆရာ မဝင်ခင် အာနိုးနှင့်လွှမ်းက အဲ့ဒီလိုပွားကြသည်။ ကစ်ကစ်က မိန်းကလေးပီပီ စကားဝင်မပြောဘဲ ဘေးကနေ ရယ်သည်။ ၉ နာရီ မှ ၁၂ နာရီအထိ ကျူရှင်အချိန်ပြီးသွားတာနဲ့ လွှမ်းတို့တွေ ကျူရှင်ထဲက ပြန်ထွက်လာကြသည်။ အိမ်က လာကြိုမယ့်ကားကို ကျူရှင်အရှေ့မှာ ရပ်စောင့်ကြသည်။ မနက်ဖြန်က တနင်္လာနေ့။ စာကြည့်စားပွဲ အံဆွဲထဲမှာ ချောင်ထိုးထည့်ထားတဲ့ report card ကို ဖေဖေ့ဆီကို တင်ပြရတော့မည်။ လွှမ်းလည်း ကျိန်းသေပေါက် ရိုက်ခံထိတော့မည်။ စိတ်ညစ်စရာကြီး။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now