.
.
.

ကလပ်ဘားတွင် ..........

"ရှောင်ကျန့် ! မင်းတော့ ကံကောင်းတယ်ကွာ.....
ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရတာ......."ဟု ယီဘင်တို့အုပ်စုကပြောတော့..........

"အာ့တာ ငါ့ကြောင့်လေ ......ငါတော်လို့ နင်ဆရာလေးကို ပိုင်ဆိုင်ရတာ ........ဟုတ်တယ် မလား?......" ဟု မင်းယွဲ့က ဂုဏ်ဆာစွာ  ဝင်ပြောလိုက်လေသည်။

ထိုအခါမှ ရှောင်ကျန့်တို့ တစ်အုပ်စုလုံး အားရပါးရ ရယ်မောကြ‌ကာ အပြန်အလှန်စနောက်ရင်း ရှောင်ကျန့်၏ လူပျိုဘဝနောက်ဆုံးနေ့ ပါတီကို ကျင်းပကျလေသည်။

တစ်ဖက်တွင်လည်း  ရှောင်ကျန့်တို့ဝိုင်းနှင့်  မလှမ်းမကမ်း၌ ရီပေါ်ကရှင်ချန်းနှင့်အတူ ကျောင်းက သူငယ်ချင်းများကိုလည်း ဝိုင်းဖွဲ့၍ ဧည်ခံ‌နေ‌လေသည်။

ရှောင်ကျန့်၏ ပါးက ရှောင်ကျန့်နှင့် ရီပေါ်အတွက် မဂ်လာဦးအိမ်ကို ပေကျင်းတက္ကသိုလ်ကျောင်းနှင့် မလှမ်းမကမ်းတွင် ဝယ်ကာ  လက်ဖွဲ့ပေးသဖြင့်
ထို အိမ်တွင် ‌ရှောင်ကျန့်နှင့် ရီပေါ်တို့ နှစ်ယောက်တည်းသာ အတူနေရလေသည်။

ဘားတွင် လူများအားလုံး ပြန်သွားကြမှ ရှောင်ကျန့်နှင့် ရီပေါ်တို့ အိမ်သို့အတူ ပြန်လာကြလေသည်။အသီးသီးရေမိုးချိုးကြပြီး အိမ်ယာဝင်မည်အလုပ် ရီပေါ်က သူနှင့် ရှောင်ကျန့်၏ အလယ်ကြားတွင် ခွလုံးကြီးခံကာ တားအိပ်နေသောကြောင့် ရှောင်ကျန့်တစ်ယောက် စိတ်ညစ်ရပြန်သည်။

"ဟား !! ရီပေါ်ရာ ဘာလို့ ခွလုံးကြီးကို အလယ်မှာ ခံထားရတာလဲ??......"

"ဘာလို့လဲ ဆိုတော့.......
ခင်ဗျားကို ကြောက်လို့ ........."

"ကိုတို့က အကြင်လင်တွေ ဖြစ်နေပြီလေ ဘာကြောက်စရာ လိုလို့လဲ???........"

"ခင်ဗျားက တဏှာတွေတအားကြီးနေလို့ လူမိပြီး ကျွန်တော်တို့ လက်ထက်လိုက်ရတာလေ......ဒီတစ်ခါ အတားအဆီးမလုပ်ထားလို့ကတော့
နောက်ထပ် ကျွန်တော့်ဘဝ ရေစုန်မျှောဦးမှာတောင်
ကြောက်ရတယ်......"

"ဟင့်!! ဒါမဲ့ ကိုယ်တို့က လက်ထက်လိုက်......"ဟုဆိုကာ ရှောင်ကျန့်က မျက်နှာငယ်လေးနဲ့ ပြောနေတုန်း.........

BAD BOYWhere stories live. Discover now