Ĥâppÿ Êñđîñĝ

3.4K 135 0
                                        

Baek:Kai...မင်းhyung မလာ​သေးဘူးလား..

Kai:လာမယ်​လို့​ပြောထားတယ်​ကွ...ကားလမ်းများပိတ်​​နေလို့လားမသိဘူး...phဆက်​လို့လည်းမရဘူး..

Kaiတစ်​​ယောက်​သူ့Hyungကို​မျှော်​​နေတာလည်​ပင်း​တော်​​တော်​ရှည်​​နေပါပြီ...

သူ့Hyung...Kaiရဲ့တစ်​ဦးတည်း​သောHyung.ကDo Kyung Soo...

ဒီ​နေ့ကKaiရဲ့အထက်​တန်း​ကျောင်းသားဘဝရဲ့​နောက်​ဆုံး​နေ့...

သူဒီ​နေ့အထက်​တန်းပြီးဆုံး​​ကြောင်းဘွဲ့လက်​မှတ်​ယူရမှာ​လေ....သူအထက်​တန်းကိုဂုဏ်​ထူး​တွေနဲ့​အောင်​ထားတာပါ...

အဲ့ဒါကလည်းသူ့Hyung Kyung Sooရဲ့​ကျေးဇူး​တွေပါပဲ...

Kaiအထက်​တန်း​ကျောင်းသာဘဝတစ်​​လျှောက်​လုံးကိုKyung sooကစာ​တွေသင်​​ပေးရှင်းပြ​ပေးပြီးGuideလုပ်​​ပေးခဲ့တာ..

ဘယ်​သူ့စကားမှနားမ​ထောင်​တဲ့Kaiကသူ့Hyung စကားကိုတစ်​​သွေမသိမ်းလိုက်​နာတတ်​တယ်​..

ဒါ​ကြောင့်​လည်းKaiအထက်​တန်းကို​ထူးထူးချွန်​ချွန်​နဲ့​အောင်​မြင်​ခဲ့တာ​ပေါ့...

Baek:Kai...ပွဲစ​တော့မယ်​ကွ...မြန်​မြန်​လာ..

Kai:ခဏ​နေပါဦးကွာ...Hyungက​သေချာလာမယ်​လို့​ပြောထားတာ..သူMeeting ​ကြောင့်​Companyကိုအ​စောကြီးသွားလို့ငါမ​ခေါ်ခဲ့တာကွ...မင်းအရင်​သွားနှင့်​ငါခဏ​နေ​နောက်​က​နေလိုက်​ခဲ့မယ်​..

Kyung Soo' pov,

Kaiရယ်​မင်းခန်းမထဲဝင်​သင့်​​နေပြီ...​မင်း​အောင်​မြင်မှုအတွက်​အသိအမှတ်​ပြုလက်​မှတ်​ကိုမင်းတစ်​​ယောက်​တည်းယူလိုက်​ပါ..

Hyungကိုခွင့်​လွှတ်​ပါKai...Hyungတို့ဒီထက်​ပိုပြီးသံ​ယောဇဉ်​မထားသင့်​တော့ဘူး​လေ...

Kaiတစ်​​ယောက်​ပြန်​လာတာနဲ့သူ့Hyungအိမ်​ကိုတန်းသွားလိုက်​တယ်​...

သူ့ဆီက်ုမလာတဲ့Hyungကိုသူရန်​​တွေ့ရဦးမယ်​​လေ..

Kaiအိမ်​ထဲမဝင်​ခင်​ကြားလိုက်​ရတဲ့စကား​ကြောင့်​ရပ်​​နေရာမှာတင်​အသက်​မဲ့သလိုခံစားလိုက်​ရတယ်​..

You've reached the end of published parts.

⏰ Last updated: Dec 16, 2014 ⏰

Add this story to your Library to get notified about new parts!

Ĥãppý ÊñđîñĝWhere stories live. Discover now