"မသိ​သေးရင်လည်း​နောက်မှသိ​အောင်ပြကြတာ​ပေါ့"ရှိန်း၏စကားကိုမင်း​နောင်က​ထောက်ခံသည့်ဟန်ပြုံး​လေသည်....

မနက်ခင်းတစ်ခုပြန်လည်အစပြုချိန်တွင်နှိုးဆက်မဟုတ်​သောငှက်ဆိုးထိုးသံ​ကိုကြားရပြန်သည်....

"တီ...တီ...တီ....​ဟေ့​ယျောင်ဝိုင်းး.....မထ​သေးဘူးလားကွာ..ဝိုင်းးး..."

"ဟယ်..အလင်းရယ်လာပါဟယ်..အိမ်​​ပေါ်ပဲတက်​ခေါ်လိုက်ပါ​တော့အန်တီနဲ့ဦးကိုလည်းနှုတ်ဆက်ရတာ​​ပေါ့...နင်အ​ဖေဝိုင်းက​​လော်နဲ့​ဆော်​တောင်နိုးမှာမဟုတ်ဘူး.."ဟုတ်သည်​လေဝိုင်းလိုကာလနဂါးမျိုးကကားဟွန်းသံမ​ပြောနဲ့တိုက်ပြိုသွားရင်​တောင်နိုးမည်မဟုတ်...​​ခေါ်​နေရသည့်သူ​တွေကပင်ပတ်ဝန်းကျင်ကိုအားနာလာရသည်......

"​အေးဟာကာလနဂါးကိုသူငယ်ချင်း​တော်ထားရ​တော့လည်းဒီ​လောက်​တော့လိုက်​လျောရမှာပေါ့"

အလင်းတစ်​ယောက်စူပုတ်ပုတ်နှင့်သူ့၏သူငယ်ချင်းမ​လေးဆွဲ​ခေါ်ရာသို့ပါလာ​လေသည်.....

"ဝိုင်း​ရေသားသူငယ်ချင်း​တွေလာတယ်ထ..​မေ့က​လေးကလည်းအိပ်ပုတ်ကြီးလိုက်တာထထ.."

"ဟာ​..မေကလည်းသူတို့က​စော​စောစီးစီးဘာလုပ်ဖို့လဲ"

"ဟဲ့ဘယ်လိုလုပ်​စောမှာလဲငဝိုင်းရဲ့၁၁နာရီ​ကျော်​နေပြီ​လေဒီ​​နေ့ဘာ​နေ့လဲ​ရော​မေ့​နေပြီလားဟမ်.."

မိုး၏စူ​ဆောင့်​ဆောင့်အသံကြားမှဝိုင်း၁​ယောက်မျက်လုံးမဖွင့်​​သေးဘဲစဥ်းစား​နေသည်
ဟာ..ဒီ​နေ့မိုး​​မွေး​နေ့ပဲ..အယ်မိုးမ​တော့ငါ့ကိုစိတ်ဆိုး​တော့မှာပဲ..

"ဟဲ့ဝိုင်းထ​တော့လို့​​ပြော​နေတယ်​လေ"

မိုးအသံတွင်စိတ်မရှည်မှုတို့ပါလာသည်

ဝိုင်းချက်ချင်း​​ကောက်ထကာ..ချစ်စရာမျက်နှာ​လေးနှင့်

"Happy birthday to you..happy birthday to you..............dear Moe Yait......Happy birthday to you..."ထိုအသံ​​ကြောင့်အိမ်​ရှေ့တွင်ထိုင်​နေ​သောအလင်း​ကောင်​​ပြေးဝင်လာသည်

"​အောင်မယ်ငနာ​လေးကခုမှမျက်နှာချို​သွေး​နေတယ်​ပေါ့​လေ.."

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now