ဒါက Pam ပေါ်လာတဲ့ scene ကဟာမို့ ep 12 အတွက် spoiler ဖြစ်မှာပါ
အ့ကြောင့် မဖတ်ချင်ဘူးဆိုရင် ကျော်သွားပါနော် 🙏
နည်းနည်းလည်း ရှည်ပါမယ်နော် ~
အပိုင်းက chapter တစ်ပိုင်းနဲ့တစ်ဝက်စာလောက်ရှိတာမို့ တော်တော်များပါတယ် အ့ကြောင့် တတ်နိုင်သလောက်ချုံ့ပြီး နှစ်ခါခွဲရေးပေးပါမယ်နော်
(Part - 1 )
Tine က Sarawat ရဲ့ IG cmt မှာ Sarawat ကို mention ထားတဲ့ acc တစ်ခုကိုတွေ့သွားပါတယ်
Pam_pitcha : My serious person က ရည်းစားတောင်ရသွားပြီလား ? ငါက သူငယ်ချင်းလို့ထင်ခဲ့တာ
[Tine က အရမ်းစိတ်ပူသွားတာပါ ဘာလို့ဆို Pam က Sarawat ကိုခေါ်တဲ့ပုံစံက သူများတွေနဲ့မတူလို့ပါတဲ့]
Pam_pitcha : ငါ အခု Chiangmai ကို ရောက်နေတာ semester မစခင် အတူတူလျှောက်လည်ရအောင်လေ နင်အားရင် ငါတို့တွေ့ရအောင်
[အဲ့မှာ Tine က အရမ်းသိချင်လာတာနဲ့ Pam ရဲ့ IG ထဲကို ဝင်ကြည့်လိုက်တော့ နာမည်ရော ကောင်မလေးက အရမ်းချောပြီးဆွဲဆောင်မှုရှိတာရောကို သူမငြင်းနိုင်ပါဘူးတဲ့ ပြီးတော့ Sarawat နဲ့ အတူ ရိုက်ထားတဲ့ selfie ပုံကိုပါ တွေ့သွားတော့ Tine အရမ်းကြောက်လာပါတယ် အဲ့ post ကို တင်ထားတဲ့အချိန်က တစ်ပတ်လောက်ပဲရှိပါသေးတယ်]
T : ok Tine ! ဒါက ဘာမှမဟုတ်ဘူး ! ဒါတွေက ဘာမှမဟုတ်ဘူး !
[ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေပေမယ့် သူ ပိုပြီးကြောက်လာပါတယ် ဒါပေမယ့်လည်း ဆက်ပြီး postတွေ ကိုကြည့်နေတော့ graduation မှာ Sarawat နဲ့ရိုက်ထားတာကိုထပ်တွေ့သွားပါတယ် ပြီးတော့ သူတို့ကြည့်ခဲ့တဲ့ Silapakorn က Scrubb concert က ပုံတွေရောထပ်တွေ့သွားပြီး မနှစ်က valentine day တုန်းက Sarawat နဲ့ဘေးချင်းယှဉ်ရပ်ပြီး ရိုက်ထားတဲ့ဓာတ်ပုံပါတွေ့သွားပြန်ပါတယ် Tine လက်တွေပါတုန်ပြီး အရမ်းကြောက်လာပြီ သူ့စိတ်ထဲမှာ တွေးလာတာက ဒါက Sarawat ရဲ့ first love ဖြစ်ရမယ်ဆိုပြီး]
[အဲ့အချိန်မှာ Sarawat က music club ထဲကိုရောက်လာပြီး သူ့ဘေးမှာထိုင်လိုက်ပြီးတော့ ကျောပိုးအိတ်ကို Tine ပေါင်ပေါ်ပစ်တင်လိုက်တယ်]
S : ဘာဖြစ်နေတာလဲ ? နေမကောင်းဘူးလား ? ဘာလို့ မင်းမျက်နှာက အဲ့လောက်ဖြူဖပ်ဖြူရော် ဖြစ်နေတာလဲ ?
T : မဟုတ်ပါဘူး ! ပူလို့ ! တွေ့တယ်မလား ချွေးတွေ !
S : တစ်ခုခုစားပြီးပြီလား ?
T : ပြီးပြီ မင်းရော ?
S : မစားရသေးဘူး လေ့ကျင့်တာပြီးသွားရင် အိမ်ပြန်ပြီး စားမယ်လေ စောင့်မယ်မလား ?
T : ok !
[Sarawat က သူငယ်ချင်းတွေနဲ့ ဂစ်တာတီးလေ့ကျင့်ဖို့အခန်းရဲ့အလယ်လောက်ကိုထွက်သွားတဲ့အချိန်မှာ Tine က Sarawat လွယ်အိတ်ကိုကြည့်ပြီး Sarawat ရဲ့ ဖုန်းကို ယူကြည့်ချင်လာပါတယ်]
T : Sarawat
S : ဟမ် ?
T : ငါ့ဖုန်းအားမရှိတော့လို့ မင်းဖုန်းငှားလို့ရမလား ?
S : အင်း
[အဲ့မှာ contact ထဲကိုဝင်ကြည့်တော့ Pam ဆိုတဲ့ နာမည်ရှိနေတာကိုတွေ့သွားပါတယ်
call info ထဲဝင်ကြည့်လိုက်တော့ နောက်ဆုံးဖုန်းခေါ်ထားတာ အဲ့ကောင်မလေးဆီကပါ
ထပ်ပြီး IG inbox ထဲကိုဝင်ကြည့်လိုက်တော့ Pam နဲ့ စကားပြောထားတဲ့ last chat က today ဖြစ်နေပါတယ် msg တွေကိုဝင်ကြည့်လိုက်တော့ အများစုက greeting msg တွေဖြစ်ပြီးတော့ သိတဲ့အတိုင်း Sarawat က အမြဲ typo ဖြစ်တယ်လေ အ့ကြောင့် ph ခေါ်ပြီးစကားပြောကြဖို့များတယ်လို့ Tine က တွေးပါတယ်
သူတို့ လေ့ကျင့်တာတွေပြီးသွားတော့ အိမ်ပြန်ကြပါတယ် အဲ့နေ့ညက Tine လုံးဝအိပ်မပျော်ခဲ့ပါဘူး မနက်မိုးလင်းတော့ သတင်းဆိုးကြားရပါတော့တယ် Tine အတွက်ပေါ့]
S : ဒီနေ့လည် ငါ့ရဲ့သူငယ်ချင်းဟောင်းတွေနဲ့သွားတွေ့စရာရှိတယ် အတူတူလိုက်ချင်လား ?
T : ဘယ်သူငယ်ချင်းတွေလဲ ?
S : မင်း မသိပါဘူး အထက်တန်းကျောင်းတုန်းကသူငယ်ချင်းတွေ
T : မိန်းကလေးလား ? ယောက်ျားလေးလား ?
S : မိန်းကလေး
T : နာမည်က ?
S : Pam , In , Makok ပြီးတော့ Fern ရောပဲ
[Tine က လက်တွေပါတုန်လာပြီ 😪]
T : ဒီနေ့ ငါ့သူငယ်ချင်းတွေနဲ့ချိန်းထားတယ် သူ့ page အတွက် အစားအသောက်တွေ လိုက်မြည်းပေးဖို့ မင်းပဲသွားပါ !
S : ငါ မင်းနဲ့ ဒီည ညစာမစားဖြစ်လောက်ဘူး
[Tine က ဟန်ဆောင်ရယ်ပြနေပေမယ့် စိတ်ထဲမှာတော့ အရမ်းခံစားနေရတာပါ
Tine က သူ့သူငယ်ချင်းတွေနဲ့ သွားတွေ့မှ ပိုပြီးဆိုးလာရပါတော့တယ် 😅 first love အကြောင်းတွေပြောပြီးတော့ Sarawat လိုလူမျိုးသာဆိုရင် first love ဆိုတာကိုမေ့နိုင်မယ့်လူမျိုးမဟုတ်ဘူးလို့တွေးလာပါတယ် လူတိုင်းကတော့ အချစ်ဦးနဲ့ပတ်သတ်တာတွေကို မေ့ခဲတယ်လေ Tine မှာလည်း အချစ်ဦးနဲ့ပတ်သတ်တာတွေကို အားလုံးမှတ်မိနေပါတယ် ဒါပေမယ့် deep relationship ရှိတဲ့ အချစ်ဦးဆိုလို့ Tine မှာပြစရာ Sarawat ပဲရှိပါတယ် 😪]
