မိုးရာသီရဲ့ နေ့တစ်နေ့
"ငါတို့ စကားခဏပြောရအောင် ရှိုင်း ။ မင်းပြီးရင် ဆင်းလာခဲ့ ။ "
ကျွန်တော် အခန်းထဲမှာ အလုပ်သွားဖို့ ပြင်ဆင်နေရင်း အခန်းဝကနေ ရပ်ကာပြောနေတဲ့ သက်တံ့။
"ဒီမှာပြောလေ သက်တံ့ရဲ့။ ဘာပြောမလို့လဲ ။ ပြောလေ။"
"မဟုတ်ဘူး။ ငါက ခြံထဲမှာပဲပြောချင်တာ။"
"ငါက အလုပ်သွားရတော့မှာလေ။ "
"အဲ့တာ ဘာဖြစ်လဲ "
စပြီ အဲ့တာ သူ့အကျင့် သူဖြစ်တာ လုပ်ချင်တာ ဖြစ်အောင်လုပ်တယ် သူများလို ချွဲ့နွဲ့ပြီး တောင်းဆိုတာတော့ မဟုတ်ဘူး ရွဲ့ပြီးရအောင်လုပ်တာ
"ဘာမှ မဖြစ်ပါဘူးကွာ ။ ငါ အလုပ်နောက်ကျမှာစိုးလို့ပါ။"
"အဲ့တော့ မင်းပြောချင်တာ ငါနဲ့ မပြောတော့ဘူးပေါ့ ။ မင်းအလုပ်က အရေးကြီးတယ်ပေါ့။"
"မဟုတ်ပါဘူးကွာ။ စောင့်နေနော်။ လာခဲ့မယ် ။"
သူ ဘာမှဆက်မပြောတော့ဘဲ ပြန်ဆင်းသွားသည်။ သူ့ကိုကြည့်ရတာ ဒီနေ့ တစ်ခုခုကို စိတ်အလိုမကျဖြစ်နေသလိုပင်။ သူ့စိတ်ကလည်း ခန့်မှန်းရခက်သား။
ကျွန်တော် အလုပ်သွားဖို့ ပြင်ဆင်ပြီး အောက်ဆင်းလာတော့ သူက ခြံထဲက ဒန်းလေးပေါ် ခြေလွှဲကာထိုင်နေသည်။
ကျွန်တော် သူ့ဘေးနားသွားကာ နေရာလွတ်လေးမှာ ထိုင်တော့ သူက ထိုင်နေရာက ထသွားကာ
"သက်တံ့ ငါ့ကို စကားပြောချင်လို့ဆို။ "
အဲ့အချိန်မိုးတွေ အုံ့မှိုင်းလာ ပြီး ဂျိန်းဆိုပြီး မိုးခြိမ်းသံနဲ့အတူ သူပြောလိုက်တဲ့စကားတစ်ခွန်း။
"ငါတို့ လမ်းခွဲရအောင် ရှိုင်း "
ကျွန်တော် အံ့သြပြီး ဘာမှတောင် မပြောနိုင်ဘဲ ခဏငြိမ်သက်သွားရသည်။ ကျွန်တော် အသိပြန်ဝင်လာတော့ သူက ကျွန်တော့်ကို ကျောခိုင်းပြီး ထွက်သွားတာကြောင့် သူ့နောက်ကို လိုက်သွားပြီး လက်ကို နောက်ကနေ လှမ်းဆွဲရင်း
"သက်တံ့ မင်းငါ့ကို နောက်နေတာမလား ။ "
ဟုတ်တယ် ။ ငါမင်းကိုနောက်နေတာဆိုတဲ့ စကားပဲ ပြန်ဖြေပါစေလို့ စိတ်ထဲက ဆုတောင်းနေပေမယ့်
YOU ARE READING
friendship(completed)
Romanceအချစ်က အချစ်ပဲမို့ ဘာကိုမှ ဘယ်သူ့မှကြောက်နေဖို့မလိုဘူး
