Chapter 9 (Unicode)

15.9K 1.5K 74
                                    

ညနေ ကျောင်းဆင်းချိန်တွင် ပညာ့ပန်းတိုင် ကိုယ်ပိုင်ကျောင်းအရှေမှာ လူသူရှုပ်ထွေးနေသည်။ မင်းမြတ်မွန်၏ မျက်လုံးအကြည့်က တစ်နေရာတွင် အဆုံးသတ်သွားကာ လက်တစ်ဖက်ကလည်း ကားတံခါးကို ဆွဲဖွင့်ပြီး ကားပေါ်က ဆင်းလိုက်သည်။ ထို့နောက် ခြေလှမ်းကျဲကျဲဖြင့် ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

"ဆက်လေး ပေးပေး၊ ဦးမွန်ကိုပေး"

အရင်နေ့တွေကလို လုပ်ပေးနေကြအတိုင်း မင်းမြတ်မွန်က ကောင်လေးရဲ့ကျောပြင်ပေါ်က ကျောပိုးအိတ်ကို ဖြုတ်ယူကာ ကူကိုင်ပေးလိုက်သည်။

"မင်းဆက် .. အဲ့ဒါ ဘယ်သူလဲ"

ဆက်လေးရဲ့ဘေးမှာ အတူပါလာသော ကောင်လေးနှစ်ယောက်က မင်းမြတ်မွန်ကို ခြေဆုံးခေါင်းဆုံး လိုက်ကြည့်သည်။ ဆက်လေးက မနက်တုန်းက ကိစ္စ ကြောင့် မင်းမြတ်မွန်ကို သိပ်မကျေနပ်တဲ့မျက်နှာနဲ့ ခပ်စူးစူး တစ်ချက်ကြည့်ကာ မျက်နှာပြန်လွှဲသွားသည်။

"ဦးမင်းမြတ်မွန်တဲ့၊ ဘွားဘွား စီစဥ်ပေးထားတာ၊ ငါ ခိုင်းချင်တာ ခိုင်းလို့ရအောင်"

"အဲ့ဒါဆို ဒီလူကြီးက မင်းရဲ့ခိုင်းဖက်ပေါ့"

"အင်း"

"ဆက်လေး"

"ဘာမှပြန်မပြောနဲ့ ဦးမွန်"

ဒီကလေးက သူ့သူငယ်ချင်း‌တွေအရှေ့မှာ မင်းမြတ်မွန်ကို ထိုကဲ့သို့ မိတ်ဆက်ပေးသည်။ မင်းမြတ်မွန်မှာ အံ့သြလွန်းလို့။ မင်းမြတ်မွန်ကို သူ့သူငယ်ချင်းတွေအရှေ့မှာ ခိုင်းဖက်တဲ့လေ။ စိတ်ထဲက တစ်မျိုးဖြစ်သွားပေမယ့် ဆက်လေးက စိတ်အလိုမကျချိန်မို့ ကလေးဆိုးလေး ဆိုးတယ်လို့သာ သတ်မှတ်ပေးလိုက်သည်။

"ဆက်လေး ပြန်ရအောင်"

မင်းမြတ်မွန် အဲ့ဒီကလေးတွေအရှေ့က ထွက်လာလိုက်သည်။ ကားတံခါးကို အဝေးကနေ remote နဲ့လှမ်းဖွင့်လိုက်သည်။ ကားရှေ့ခန်းတံခါးကိုပါ ဆွဲဖွင့်လိုက်သည်။ ဆက်လေးရဲ့ကျောပိုးအိတ်ကို ကိုယ့်ဘေးက ထိုင်ခုံပေါ် တင်ပေးလိုက်သည်။ မင်းမြတ်မွန် တစ်ခါတည်း ကားထဲဝင်ထိုင်ကာ ကားစက်ကိုပါ နှိုးလိုက်သည်။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Où les histoires vivent. Découvrez maintenant