အချစ်​ဦးမို့...ချစ်​ပါသည်​..."25"

Start from the beginning
                                    

"အပြင်ရောက်ပြီဆိုတာနဲ့ လုပ်ချင်တိုင်းလုပ်နေတာပဲ...
လူကိုကြည့်တော့ နို့နံ့မစင်သေးဘူး...
ကိုယ့်ကို ပြန်ကြည့်အုံးတစ်ကိုယ် လုံးမှာအရွယ်ရောက်တဲ့
နေရာကောရှိရဲ့လားလို့...လာ...အခုပြန်လိုက်ခဲ့..."

"မလိုက်ဘူး....မြန်မြန် နဲ့ ဆို မေကြီးကလွတ်ပြီသား..."

"ငါမလွတ်ဘူး...လာ လိုက်ခဲ့..."

"မလိုကိဘူးဆိုနေမှ..."

သူကလည်အတင်းဆွဲ ကူးကူးကလည်း အတင်းရှုန်းနဲ့
ထမင်းပန်ကန်လုံးလေးလက်နဲ့တိုကိမိပြီးကျကွဲသွားလို့
ဆိုင်ထဲက လူတွေအကြည့်က
ကူးကူးတို့ဆီရောက်လာသည်။

"လာလိုက်ခဲ့....."
ရင်ခွငိထဲအတင်း ဝင်နေတာကို
မရရအောင်ခွာထုတ်ပြီး
ကူးကူးကို စားသောက်ဆိုင်ထဲကဆွဲထုတ်လာခဲ့သည်။

လျှပ်တပျက် ဖြစ်အင်ကြောင့်
ဉာဏ်ကော ရဲရင်ပါ ကြောင်စီစီ.....

နောက်ဆုံးတော့လည်း ကူးကူးမွှေပြီးမှာသွားတဲ့
တစ်ဆွေတစ်မျိုးလုံးဝိုင်းစားရင်တောငိ
မကုန်မယ့်မုန့်တွေကို
သူတို့နှစ်ယောက် နှဲ့နှဲ့ပြီးစားလိုက်ရတော့သည်။

______________________________

ကားထဲမှာ ထွတ်ပေါက်ရှာနေတဲ့ခွေးပေါက်လေးလို
ဟိုကုတ်ဒီကုတ်နဲ့ စူပုတ်နေတဲ့ကောင်လေးဟာ
၆လအတွငိးအများကြီးပြောင်းလဲလာပြီ။
နဂိုထဲက ချစ်စရာကောင်းလွန်းတဲ့မျက်နှာလေးဟာ
အခု ဆံပင် အညိုဖျော့ဖျော့လေးကြောင့်
ပိုချစ်ဖို့ကာင်းနေသယောင်...

"စာတွေလိုက်နိုင်လား...."

"အင်း..."

"ဘာအင်း...အင်းလို့မပြောရဘူးလို့သင်ပေးထားတယ်
မဟုတ်လား..."

"ခင်ဗျားဘာဖြစ်ချင်တာလဲ ဦးမင်းသန့်မောင်..."

"ကိုကို ....ကူးကူးရဲ့ ကိုကို...
ကူးကူးလို့ပဲပြော ...အင်း...ဘာဖြစ်ချင်လဲဆိုရင်
ကူးကူးကို ကိုကိုတောင်းပန်ချငိတယ်..."

"ဒါပဲမဟုတ်လား... ကျွန်တော် ဒီမှာပဲဆင်းတော့မယ်..."

"ကိုကို...ကိုကိုမှားသွားပါတယ်....အရင်လို..."

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now