အချစ်​ဦးမို့...ချစ်​ပါသည်​..."25"

Start from the beginning
                                    

"ကျေနပ်ပါတယ် ကူးကူးသာအမှန် ကူးကူးသာအကောင်းဆုံး..."

ဟူး ... နှုတ်ကော လက်ရောသတိထားရမယ့်အချိန်ပါပဲ...

" ကိုကြီးမင်းသန့် ကောင်မလေးက လှတယ်နော်..."

တည်သွားတဲ့မျက်နှာလေးကြောင့်
စကားမှားသွားပြီမှန်းသိလိုက်သည်။

"အဲဒါငါကဘာလုပ်ရမှာလဲ....ဟွန့်...
သူမှာတစ်ယောက်တည်း ..ငါ့မှာ အများကြီး
ငါက တက်သစ်နေတဲ့ အပင်ပျို၊သူက အပင်အိုကြီး..."

အဲ့အပင်အိုကြီးကိုပဲ မင်း ရစ်တွယ်နေတာမဟုတ်လားလို့
ပြောချင်ပေမယ့်မပြောပေါင်.... ကိုကြီးမင်းသန့်နဲ့အဆင်မပြေလေ
သူတို့အတွတ် မျှော်လင့်ချက်ပိုများလေ...
အဲ့အတွတ် ကူးကူးမချစ်တော့ဘူးဆို ဟုတ်တယ်
မငိးကမချစ်တော့ဘူးလို့ပြောပေးရမှာက
သူတို့ ရဲ့ တာဝန်ပင်....

ဒါမယ့် ကိုကြီးမင်းသန့်ကတော့ ကူးကူးအပေါ် အကြည့်တွေပြောင်းလဲနေသလိုပင်...

နှုတ်ခမ်းကြီးဆူပုတ်ပြီး
ပွစိပွစိလုပ်နေတဲ့ကောင်းကင်ဉာဏ်ဆိုတဲ့ အကိုကြီးကလည်း
ကုးကူးမျက်နှာကြည့်ရင် ရွှေဥတစ်လုံးရသလို
အကြည့်တွေကိုမခွာ....

အေပေါ့လေ...သူတို့ လိုလူတွေကြောင့်ကူးကူးက
စိုးပေလေးလုပ်နေတာပဲလေ....

"ကိုကြီးမင်းသန့်..."

ဆိုင်ထဲကို ဝင်လာတဲ့ ကိုကြီးမငိးသန့်ကဟိုရှာဒီရှာနဲ့မို့
ရဲရင့် ခေါ်မိမလိုတောင်ဖြစ်သွားသည်။
သူတို့ကိုမြင်သွားတော့သူတို့ဘက်လျှောက်လာတာမို့်
ကူးကူးကို ပြောဖို့လုပ်တော့...
ဘယ်ကဘယ်လို ဟိုအကိုကြီးရင်ခွင်ထဲ
ရောက်နေသလဲမသိ....။
သိပ်နားမလည့်လို့ ချစ်စရာကောင်းတဲ့
ကောင်လေးတစ်ယောက်လောက်ရှင်းပြပေးကြပါ...

သစ်ပင်အိုကြီး ကိုမှီတွယ်သလို ဟိုလူကြီးကလည်း
တောင့်တောင့်ကြီး...
အဲမယ် ကူးကူးက အဲ့လူကြီးရင်ခွငိထဲ ခုနကနဲ့
ဆန့်ကျင့်ဘက်မျက်နှာနဲ့ ကြယ်သီးလေးတောင်ဆော့ကစားလို့်ပါလား။

"အလင်းကူး...လာအိမ်ပြန်မယ်..."

မျက်နှာကြီးနီရဲကာ လာခေါ်တဲ့ ကိုကို့်ကို
ကူးကူးဘာအထာလဲဆိုတဲ့အကြည့်နဲ့ ကြညိ့လိုက်သည်။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now