"အဓိပ္ပါယ်မရှိတာတွေ သူ့ဘာသာ
ဘယ်လောက် ချစ်စရာကောင်းကောင်း
စစ်ကြောင်းက ကောင်လေးတစ်ယောက်
ကို အဲ့လောက်အရေးပေးနေရအာင်
မဖြစ်နိုင်တာတွေဟာ။နင်ငါ့ကိုရယ်စရာ
တွေလာမပြောနဲ့ "

"နင်မယုံရင်လည်း ငါမတတ်နိုင်ဘူး
ငါလည်း အတိအကျကြီးပြောနေတာ
တော့မဟုတ်ပါဘူး။ဒါပေမဲ့စစ်ကြောင်း
နဲ့ အဲ့ကောင်လေးကြားမှာတစ်ခုခု
ထူးဆန်းနေတာတော့ အမှန်ပဲ"

"ခဏလေး ကလေးဆန်ဆန်မျက်နှာ
လေးနဲ့ချစ်စရာလေးနော်။စစ်ကြောင်းက
ကျူရှင်ထိသွားကြိုတယ်။သူ့ကားနဲ့"

ပြန်စဉ်းစားမိပြီး မေးလိုက်တဲ့မူယာ့
စကားကို နဒီကခေါင်းကိုသေချာညိတ်
ပြတော့ ရင်ထဲမှာခံရခက်သလိုစိုးရိမ်
ပူပန် မှုတွေမြင့်တက်လာသည်။

ဘာတွေလဲ။မူယာထင်နေသလိုမျိုး
ကောင်မလေး မဟုတ်ဘူးလား။ဘယ်
လိုဖြစ်လို့ ကောင်လေးတစ်ယောက်
ဖြစ်နေပြီး စစ်ကြောင်းက အဲ့ဒီကောင်
လေးကို။မဖြစ်နိုင်ဘူး။လုံးဝမဖြစ်နိုင်ဘူး။

"မူယာ နင့်ကိုငါဘာပြောခဲ့လဲ နင်
စစ်ကြောင်းကို ပြတ်နိုင်တာလည်း
မဟုတ်ပဲနဲ့။အခုချိန်ထိလည်းနောက်
မကျသေးဘူး သူခွှင့်လွှတ်တဲ့အထိ
တောင်းပန်ပြီး စစ်ကြောင်းဆီပြန်သွား
လိုက်ပါဟာ"

"တော်တော့ရွှေ"

မယုံနိုင်စိတ်ကြောင့် ယောင်ယမ်းပြီး
ခေါင်းခါနေမိသည်ကို ရွှေကဘေးကနေ
နားချနေသည်။

နဒီ့ကိုကြည့်လိုက်တော့
လည်း အခုပြောနေတာကအမှန်တွေ
ကိုပဲပြောနေတဲ့ပုံ။

"အဲ့ကောင်လေး အကြောင်းနင်
တစ်ခြားဘာတွေ သိသေးလဲနဒီ"

"ကောင်လေးမိဘ အခြေအနေကတော့
ရှိတဲ့ထဲမပါဘူး။အဖေကလည်းလခစား
အလုပ်သမား ပြီးတော့မိထွေးနဲ့တဲ့။
အဲ့မိထွေးနဲ့ရတဲ့ ညီလေးတစ်ယောက်
လည်းရှိတယ်ဆိုလားပဲ"

ခေါင်းကတော်တော်လေး ရှုပ်ထွေးလာ
သည်မို့ စားပွဲခုံပေါ်လက်ထောက်ပြီး
ဖိနှိပ်နေရတဲ့အထိ။အခုဘာတွေဖြစ်
ကုန်တာလဲ။

ဒီလိုသတင်းမျိုးထွက်လာနိုင်တယ်
ဆိုတာသိသိကြီးနဲ့ကို စစ်ကြောင်းက
ဂရုမစိုက်ဘူးဆိုတော့ အဲ့ကောင်လေး
ကဘာတွေများ။

Reward[Him From Final Year]Where stories live. Discover now