အချစ်​ဦးမို့...ချစ်​ပါသည်​..."23"

Start from the beginning
                                    

ရဲတွေရဲ့ဆွဲခေါ်ရာကို ပါသွားတဲ့ မြူနှင်းကိုကြည့်ပြိး
တရားစွဲဖိုကိုစီစဉ်ရသည်။
အခုချိန်ထိ သူအမေကို ဖတ်ငိုနေဆဲဖြစ်တဲ့ကူးကူးကြောင့်မေမေမှ မင်းသန့်ကို ချော့ဖို မျက်နှာရိပ်ပြသည်။

"ကူးကူး...ကိုကို..."

"အဟင့်မထိနဲ့..."

ပခုံးကိုထိလိုက်တာနဲ့ အန်တီမေ ဆီ ပိုတိုးဝင်သွားတဲ့ကူးကူး။

"ကူးကူးလေး လာပါအုံး မေမေခင်ဆီ...."

ဘယ်လောက်တောင်ထိပ်လန့်သွားရှာလဲမသိ...
တရားခံသာမပေါ်ရင် ကူးကူးက အခုအဖမ်းခံရတဲ့သူဖြစ်နေမှာ။

"မေကြီး ကူးကူးအိမ်ပြန်မယ်....အီးဟီး...ဒီကိုလည်းမလာတော့ဘူး...ကူးကူးအိမ်ပြန်ချင်ပြီ....ဖေကြီး ကူးကူး ပြန်မယ်..."

"အေးပါသားရယ် ...ပြန်မယ်နော်...."

နှုတ်မဆက်ပဲမပြန်တက်တဲ့ ကလေးငယ်ဟာ ဒီအိမ်ကိုလှည့်တောင်မကြည့်တော့ရင်ထဲမှာမကောင်း
ကိုယ့်သားကို ကိုယ်ပြန်ကြည့်တော့လည်း နောင်တမျက်နှာနဲ့..၊

မနတ်ကထိအဆင်ပြေနေတဲ့ ဒီမိသားစုနှစ်ဖက်ဟာ
အချိန်ပိုင်းလေးအတွင်းပျက်စီးတော့မှာလား...

_________________________________

အိပ်ပျော်နေတာတောင် ငိုနေသေးတဲ့
သားငယ်ကို ကြည့်ပြီး ဒေါ်မေလင်း စိတ်မကောင်း...။
ဘယ်လောက်တောင်ထိပ်လန့်သွားရှာမလဲ....။
သူမရှေ့မှာတောင်ပြောထွတ်တဲ့စကားအချို့
အိပ်ပျော်နေတဲ့သားငယ်ရဲ့ ပါးပြင်လေးကို
လက်မလေးနဲ့ ပွတ်သတ်လိုက်မိသည်။
စောင်သေချာခြုံပေးပြီးမှအခန်းတံခါးသေချာပိတ်ကာအောက်သို့ဆင်းလိုက်လိုက်သည်။

ဧည်ခန်းမှာထိုင်နေတဲ့ ခင်ပွန်းသည်ဦးနေနိုင်ထွန်းနဲ့
မမခင်တို့သားအမိ...။

ဆုံးဖြတ်ချက်တစ်ခုကိုပြတ်သားစွာချလိုက်သည်။

"မေလင်းရယ်ဖြစ်သမျှ ခင်လေးပဲတောင်းပန်ပါတယ်..."

"ရပါတယ်မမခင်....ကူးကူးရဲ့အမှားပါတာပဲ...ကျွန်မ
ဆိုဆုံးမမှုညံ့လို့ ပါ..."

"မဟုတ်တာကွယ်..ကူးကူးက တို့ မျက်စိရှေ့တင်ကြီးပြင်းလာတာပါကွယ်..... သမက်လောင်းဆိုပေ့မယ်...
ကူးကူးကို သားလိုပဲသဘောထားတာ မေလင်းအသိဆုံးပါ..."

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now