အချစ်​ဦးမို့...ချစ်​ပါသည်​..."23"

Start from the beginning
                                    

"မြူနှင်း ကလေ မြူနှင်းက ကိုသန့်ကိုချစ်လို့ပါ...."

"ရူးကြောင်ကြောင်စကားတွေမပြောစမ်းနဲ့...ငါ့ကိုလိမ်ရင်ဒီနေရာမှာပဲသေမယ်...ငါ့ဆီကခိုးသွားတဲ့ ဖိုင်ကို ပြန်ပေးစမ်း"

"မြူနှင်းဆီမှာမရှိဘူး..."

"ဟာကွာ...တောက် ငါလုပ်လိုက်ရင်...."

"သားမင်းသန့်...မလုပ်နဲ့ စိတ်ထိန်းစမိး....မေမေတို့စံအိမ်မှာယောကျားသားတစ်ယောက်က အားနွဲ့သူကို
ကိုယ်ထိလက်ရောက်မစော်ကားရဘူးလေ....မြူနှင်း
မင်းအပြစ် မင်းမဝန်ခံဘူးလား...ကောင်းပြီး၊ဥပဒေကနေပဲရှင်းကြမယ်..."

ဟင်အင်း...မြူနှင်းအသက်က ငယ်ငယ်လေးရှိသေးတာထောင်ထဲမှာ မနေနိုင်ဘူး..
ဒါအားလုံးဟိုအခြောက်ကောင်ကြောင့်...။

"နင့်ကြောင့်အလင်းကူး...နင်ကြောင့်..အား....."

"ဖြောင်း...ဖြောင်း

လဲနေရာကပြေးထကာ မေလင်းရင်ခွင်ထဲငိုနေတဲ့
ကလေးကို ပြေးဆွဲပြီး လည်ပင်းညစ်ဖို့်ကြိုးစားတဲ့ မြူနှင်း...။

ကူးကူးကို အသည်းအသန် ပြန်ဖတ်ထားတဲမေလင်းဟာလည်း ပြူးပြူးပြာပြာဖြစ်သွားသည်။
ဒေါ်ခင်မေသက်ထား ရဲ့လက်ဖဝါးကမြုနှင်းရဲ့ပါးပြင်ထပ်သို့တည့်မတ်စွာ။

" အန်တီက အရာအားလုံးကို လက်ခံပေးနိုင်တယ်
မြူနှင်းလူဆိုတာအမှားရှိတယ်ဆိုတာကို အန်တီလက်ခံတယ်...အေ ဒါမယ့်ဒီအိမ်ရဲ့ မိသားစု ငါ့ရဲ့ ကလေးကို ထိခိုက်ဖို့ကြိုးစားတာတော့မခွင့်လွတ်နိုငိဘူး....သားငယ်ရဲစခန်းကိုအခုဖုန်းဆက်..."

"မလုပ်ပါနဲ့ တောင်းပန်ပါတယ်...အမေကျော့ မြူနှငိးကို ကယ်ပါအုံး..."

ဒူးထောက်ပြီးရှိခိုးမတတ်တောင်းပန်နေလည်း
ခွင့်မလွတ်နိုင်....။
နောင်တစ်ခါ ဘယ်သူမှမကြံစည်ရဲအောင်
လုပ်ဖို့ စီစဉ်ထားပြီသားပင်....။
အိတ်ထဲမှလာနေတဲ့ ဖုန်းကြောင့်
ဒေါ်ခင်မေသက်ထားကိုင်လိုက်ပြီး
ဟိုဘတ်ကအပြောကြောင်ကျေနပ်သွားသည်။

"ဖိုင်လည်းပြန်ရပြီဆိုတော့ တရားစွဲဖို့ပဲ စီစဉ်လိုက်တော့သား....."

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now