အချစ်​ဦးမို့...ချစ်​ပါသည်​..."21"

Start from the beginning
                                    

သူစိမ်းဆိုတဲ့စကားမှာ ဒေါ်ခင်မေသက်ထားပြုံးသွားသလိုမြူနှင်းမျက်နှာလည်းပျက်သွားသည်။

"မြူနှင်းက သူစိမ်း မဟုတ်ဘူး..."

"တီတီကျော့..."

ပြောလည်ပြော စကားဝိုင်းထဲဝင်လာတဲ့
ဦးမျိုးချစ်မောင်ရဲ့တစ်ဝမ်းကွဲအမ
ဒေါ်မြကျော့မောင်ပင်....

"မြူနှင်းဆိုတာ ငါ့မွေးစားသမီးပေ့မယ့်..ငါ့သမီးအရင်းလိုပဲ"

မြူနှင်းကတော့မျက်နှာလေးငယ်ကာချက်ချင်းသွားတွဲလိုက်သည်။

"ကူးကူးက ကျွန်တော်စေ့စပ်ထားတဲ့သူပါ...
သူအသက်ပြည့်တာနဲ့ လက်ထပ်ရမှာ တီကျော့..."

"အဲ့ဒါအရင်ကပါ သားမင်းခန့်....ဒီစံအိမ်မှာ မျိုးဆက်ဆိုတာလိုတယ်.... အရင်ကကိစ္စတွေမေ့လိုက်တော့...နောက်ပြီးဒီကလေးလိုပုံစံမျိုးကို ငါတို့ လက်မခံနိုင်ဘူး..."

တီကျော့ရဲ့ စကားကြောင့်မင်းသန့်တစ်ချက်တွေဝေသွားသည်။
ဒါမယ့်...သူမြင်မိတာ ကူးကူးရဲ့ မျက်ရည်တွေနဲ့
မျက်နှာလေး..။
ဟုတ်တယ် ...ကူးကူးငိုရင် သူနာကျင်ရတယ်...
ဒါဟာသူမသိပဲဖြစ်လာရတဲ့ အရောင်စွန်းလာတဲ့ ခံစားချက်တစ်ခုပဲ....
ဒါမယ့်သူခံစားချက်တွေကိုသေချာသိချင်သလို
ကူးကူးကိုလည်းရင်ကျက်စေချင်သည်။
ဒါမယ့်အခုတော့ကူးကူးကို သူအပြေးချော့အုံးမှာပါပဲ။

_________________________________

အခန်းထဲက တစ်ယောက်အိပ်ကုတင်လေးပေါ်မှာ
စွပ်ကြယ်လက်ပြတ်အဝါလေးနဲ့ ဘေးတစ်စောင်းအိပ်နေတဲ့ကူးကူး......

ဝိတ်လျော့မယ်ပြောထားတဲ့အတိုင်း
ရဲရင့်တို့ စုပီး ဝယ်လာတဲ့ KFCက ကြက်ကြော် ၁ဗူး
နဲ့ မြန်မြန် ဝယ်လာတဲ့ မာလာဟော့ပေါ့၁အိုးနဲ့
ဟန်ဘာဂါသာစားပြီး အိပ်နေသည်။

ညက လက်ကနာလာတာမို့်တစ်ညလုံးမအိပ်ရသေးပဲ
မနက်ကြမှအိပ်ပျော်သွားသည်။

ရက်စက်တဲ့ကိုကိုက ကူးကူးကိုလာမတွေ့ဘူး...။
ကူးကူးကိုစိတ်ကုန်သွားလားမသိဘူး...
ကူးကူးကိုစိတ်ကုန်ရင်ကိုကိုမှားသွားမှာပေါ့...အဟင့်
ကူးကူးကို အားလုံးသဘောကျတာတောင် ငယ်ငယ်ထဲကကိုကိုဘေးပဲကူးကူးနေတာကို...
မျက်ရည်ကကျလာပြန်ပြီ....။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now