အချစ်​ဦးမို့...ချစ်​ပါသည်​..."21"

Start from the beginning
                                    

မျက်နှာကြီးမဲ့ပြီးငိုနေတဲ့ကူးကူးကိုကြည့်ပြီး
တစ်ခုခုဖြစ်ခဲ့တယ်ဟုသိလိုက်သည်။
အခုသွေးပူချိန်မေးလည်းဖြေမယ့်ပုံမဟုတ်လ််ို့
ပြီးမှသေသေချာချာမေးမယ်ဟုလည်းတွေးလိုက်သည်။

_____________________________

"ကူးကူးက အရင်ထဲက ဒီလိုပဲ ကလေးစိတ်လေ အကိုရယ်...ဘာလို့အဲလိုပြောလိုက်တာလဲ...."

ကူးကူးကို အကိုလည်းချစ်တာ ဒေါ်ခင်မေသက်ထား
သိပါသည်။ချစ်ပုံချစ်နည်း သာကွာတာပါ...။
အမြဲကျောင်းမှာကူးကူးကို မျက်နှာ သာပေးအောင်
အိမ်ရဲ့မိသားစုတစ်ယောက်လို သူကိုယ်တိုင်
ကျောင်းအပ်ပေးတာသူမအသိဆုံးပင်...

"ချစ်တာ ကချစ်တာပဲ ခင်လေး..ဒါမယ့်..."

"သားကိုအရင်မေးကြည့်ပါအကိုရယ်..."

သားကိုကြည့်တော့လည်း မျက်နှာလုံးဝမကောင်း...
မင်းသန့်မျက်လုံးထဲ လက်မောင်လေးဖိပြီး
ငိုသွားတဲ့ ကူးကူးရဲ့မျက်နှာပဲမြင်ယောင်နေသည်။

လာမပတ်သတ်နဲ့ဆိုတဲ့စကားလေးသာ
နားထဲတစ်ဝဲလည်လည်....

"အဲ့ကလေးက ကိုသန့်ကိုပြေးပြီးလည်ပင်းညစ်တာအန်တီ..မြု သာအချိန်မှီမဆွဲရင်...."

"ကူးကူးက ဘယ်တော့မှမင်းသန့်ကို ဒဏ်ရာ ရအောင်လုပ်မှာမဟုတ်ဘူး သမီး...

ဒေါ်ခင်မေသက်ထားရဲ့စကားကြောင့်မြူနှင်းတိတ်သွားသည်။
သူအများကြီးဆက်ပြောနေလို့မဖြစ်ဘူးဆိုတာ
သိတယ်လေ...ကိုသန့်အမေရဲ့မျက်လုံးထဲ
အန်တီအကုန်သိတယ်ဆိုတဲ့ အကြည့်တွေပါဝင်နေတာမို့...

"ပြသနာဆိုတာကြီးတဲ့အမှူငယ်အောင်ငယ်တဲ့
အမှုပပျောက်အောင်လုပ်ရတာသမီးရဲ့..ကူးကူးကို
အကုန်လုံးကငြိုငြင်အောင်မပြောပါနဲ့ကွယ်..."

မြူနှင်းမနာလိုစိတ်တောင်ဝင်သွားသည်။
ဘာမဟုတ်တဲ့ ဒီကောင်လေးဟာ
ဒီအိမ်မှာ အရေးပါရောက်နေတဲ့သူမှန်းလည်းသိလိုက်သည်။
သူမပညာရှိမှ ရမှာပင်.....

"သားအမှားပါ မေမေ...သားကစလိုက်တာ ကူးကူးက
သူစိမ်းရှေ့ဆိုတော့ စိတ်ဆိုးသွားတယ် ထင်ပါတယ်..."

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now