1

10.7K 557 14
                                    

ကျွန်တော့် နာမည် ရှောင်းကျန့် ။

အသက်က 22 ကျောင်းပြီးပြီ ။ ဘာအလုပ်မှ မလုပ်ဘူး။
ဘာမှကို လုပ်စရာမလိုအောင် ပါးနဲ့ မားက တစ်သက်စာစားမကုန်တဲ့ အမွေတွေကို ပေးထားခဲ့တယ် ။

အစ်မတစ်ယောက်ရှိတယ် နာမည်က ရှောင်းဟွေ့။ ပါးနဲ့မားချန်ထားခဲ့တဲ့ company အလုပ်ကိစ္စတွေ အကုန်လုံးကို သူကဘဲ လုပ်တယ် ။

အစ်မကြီး အမိအရာဆိုတဲ့အတိုင်း အစ်မက ကျနော့်ကိုအရမ်းအလိုလိုက်တယ် ။ အစ်မက အချိန်ပြည့် အလုပ်ဘဲလုပ်နေတာ အိမ်မှာတောင် သိပ်မနေဘူး ။ ကျနော် သူမနဲ့တောင် သိပ်စကားပြောဖြစ်တယ်လို့ မရှိဘူး ။

ပါးနဲ့မား ဆုံးပြီးကတည်းက ကျနော် လူတွေနဲ့တောင် စကားမပြောဖြစ်တော့ဘူး ။ အိမ်ထဲမှာဘဲ အမြဲနေခဲ့တယ် ။

အထီးကျန်စွာနဲ့ ။

'ဒါပေမဲ့ ကျနော့်ဘဝထဲကို လူတစ်ယောက်က မဖိတ်ခေါ်ဘဲ ဝင်လာခဲ့တယ် ။ ကျနော် တစ်ယောက်တည်း ဖြစ်နေချိန် ကျနော့်အနားမှာ အမြဲတမ်းသူရှိနေပေးခဲ့တယ် ။ ကျနော့်ကို ပျော်ရွင်အောင် သူလုပ်ပေးခဲ့တယ် ။ ကျနော် အားငယ်နေချိန် သူအမြဲတမ်း အားပေးခဲ့တယ် ။ ကျနော့်ဘက်ကအမြဲတမ်း သူရပ်တည်ပေးခဲ့တယ် ။ '

'သူ့ကို ချစ်မိတာ ကျနော်မှားလား? ဘယ်လိုမှ မဖြစ်နိုင်တာသိပေမဲ့ ကျနော် သူ့ကိုဘဲ လိုချင်နေမိတယ် ။

သူ့နာမည်က.... '

--------------

ဒေါက်...ဒေါက်...ဒေါက်

"အစ်ကိုလေး ...မမလေး ရှောင်းဟွေ့ ခေါ်ခိုင်းလိုက်ပါတယ်"

ကျနော် အခန်းထဲမှာ နေနေတုန်း အစ်မကခေါ်ခိုင်းတယ်ဆိုလို့ ကျနော် ဆင်းလာခဲ့တယ် ။

ဧည့်ခန်းထဲမှာ အစ်မနဲ့ အတူ ထိုင်နေတဲ့ လူတစ်ယောက် ။
ကျနော့်ကို မြင်တော့ ပြုံးပြတယ် ။ ကျနော် ပြန်မပြုံးပြခဲ့ဘူး။ သူက သွားတွေပေါ်အောင် တစ်ချက်ရယ်ပြီး ခေါင်းငုံ့သွားတယ် ။

"ငယ်လေး လာထိုင်"

ကျနော် အစ်မကို ခေါင်းငြိမ့်ပြပြီး ဝင်ထိုင်လိုက်တယ် ။

Why? Where stories live. Discover now