ထိုသို့သော အကြောင်းပြချက်အမျိုးမျိုးကြောင့်
ရှောင်ကျန့်တစ်ယောက် ဆရာလောင်ရှီရှေ့တွင်
လူလိမ္မာလေးလုပ်နေရလေသည်။သို့သော်လည်း
လူဆိုးပိုးလေးက အနည်းငယ်ရှိသေးသောကြောင့်
စာမေးပွဲအတွက် စာမကျက်ဘဲ သုံးယောက်သား
စာခိုးချနည်းအသစ်များကိုသာ ကြိုးစားရှာနေကြလေသည်။သို့ပေမဲ့  ဘယ်လိုဖြေ‌ဖြေ သုံးယောက်ပေါင်း ၁၀မှတ်မပြည့်သည်မှာ သူတို့၏မဟာအားနည်းချက်ပင်
ဖြစ်လေသည်။

....................................................................

စာမေးပွဲ ဖြေပြီးသကာလ ..........

"ဒီနေ့ အခန်းခွဲရတော့မယ် ......
ဒါကြောင့် ဆရာနာမည် ခေါ်တဲ့ လူတွေက Fအခန်းမှာ
နေရပြီး ကျန်တဲ့သူတွေက မင်းတို့အခန်းရဲ့ အတန်းပိုင်တွေ လာခေါ်လိမ့်မယ် ....."

"ဟုတ်ကဲ့ ဆရာ......"

"ရှောင်ကျန့် ၊ ယီဘင် ၊ ကျန်ချန်း ၊ ဟောက်ရွှမ်း၊
မင်ယွဲ့ ၊ ........အပြင် ကျောင်းသား နှစ်ယောက်နှင့် ကျောင်းသူသုံးယောက်........"

Fခန်းက ကျောင်းသားများက အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲကျသော်လည်း ......မင်းယွဲ့နှင့်အတူ ကျန်မိန်းကလေးသုံးယောက်မှာ ဥစ္စာပေါ ရုပ်ချော နဲ့
ခပ်ဆိုးဆိုးလူဆိုးလေးတွေရဲ့ အခန်းက Fခန်းမှန်း သိသောကြောင့် စာတစ်လုံးမှ မဖြေပဲ အကျခံခြင်း ဖြစ်သည်။

ထိုနောက် ထိုမိန်းကလေး‌လေး‌ယောက်၏
ဆောင်ပုဒ်မှာ...............

"လူ‌ဇိုး‌ချော‌လေး‌တွေ ကြောင်ဖို့အရေး ဒို့အရေး.......
လူဇိုး‌ချော‌လေးတွေ လင်ရဖို့အရေး တို့အရေး....."တဲ့

ဒီလိုနဲ့ ထို fujoshi မမများရဲ့ ဆောင်ပုဒ်ကို
Fခန်းက ကျောင်းသားများကတော့ ပိုးဆိုးပက်စက်ကို ဆဲပါသည်။သို့သော်လည်း
ဘယ်လိုဆဲဆဲ မဖြုံ‌ရေးချ မဖြုံဖြစ်နေသော
Fujoshi အုပ်စုကို တစ်ခါတစ်လေ မနိုင်စိန်လေးတွေဟုဆိုကာ လွှတ်‌ထားပေးရလေသည်။

"ဟေ့ ကောင်းဇိုးလေးတွေ .......
မနက်ဖြန် ညနေပိုင်းကျောင်းဆင်းရင် Fခန်းအတွက် သီးသန့် ဂိုက်ပေါက်စလေးတစ်ယောက်
လာမယ်တဲ့ ........ချောချောလေးဆိုပဲ ...
ပြီးတော့ ဆရာလောင်ရှီနဲ့ အမျိုးတဲ့........" ဟုဆိုကာ မင်ယွဲ့တစ်ယောက် ရှောင်ကျန့်တို့သုံးယောက်အား သတင်းစကားပါးလိုက်လေသည်။

BAD BOYWhere stories live. Discover now