"...."

"ပါး​ပြောပါ...wang​လေးဘယ်​မှာလဲလို့..."

ချိတ်​ထားတဲ့ dripကိုဖြုတ်​ပြီး​ပြေးမယ်​ပြင်​​တော့
မားက

"Xiao Zhan....
နင့်​ကိုယ်​နင်​စိတ်​မပူဘူးလား...
သူက...သူကဘာမလို့ဒီ​လောက်​ဖြစ်​​နေတာလဲ...
နင့်​ရဲ့နှလုံး..."

"Zi Yi​တော်​​တော့"

"ဟင့်​အင်း...xin chanနင်​သိလားဒီခံစားချက်​ကို
ငါ့အသက်​နဲ့ရင်းပြီးပိုး​မွေးသလို
ဂရုစိုက်​ပြီးပျိုး​ထောင်​​ပေးခဲ့ရတာ
သူ့စိတ်​ဒဏ်​ရာ​တွေကိုဆရာဝန်​နဲ့ပြ​ပေးတိုင်း...
သူ​အော်​ငို​နေတာ​တွေ့ရင်​​ဟော့ဒီရင်​ဘက်​ထဲက...
အင့်​...ဘယ်​​လောက်​​တောင်​နာကျင်​ခဲ့ရလဲနင်​သိလား..
နောက်​တစ်​​ခေါက်​ထပ်​ဖြစ်​မှာစိုးလို့
ဒီလိုလုပ်​ကာမှသူက...သူက..."

မားက​ငို​နေတာ​တွေ့​တော့ကျ​နော်​အားနာမိတယ်
ကျ​နော့်​​ကြောင့်​မားဘယ်​​လောက်​​တောင်​နာကျင်​​နေရမလဲ
ကျ​နော်​​မွေးကတည်းကမားကိုဒုက္ခ​ပေးလာခဲ့တာ
ကျ​နော်​​မွေးမလာခဲ့သင့်​တာပါ....

"Zi Yiဒီ​ရောဂါကမ​ပျောက်​နိုင်​​ပေမဲ့
အစားထိုးကုသဖို့​ရောမဟုတ်​ရင်​​ဆေးနဲ့
ထိန်းတာ​ရောလုပ်​လို့ရပါတယ်
သူလည်း​ဆေးမှန်​မှန်​​သောက်​​နေတာပဲမလား"

"Hak...အစားထိုး​ပေးရမယ်
ဘယ်​သူ့နှလုံးနဲ့လဲငါ့နှလုံးလား...မတူဘူးတဲ့..."

"ဘယ်​တုန်းက..."

"ငါတို့ကိုဆရာဝန်​က​နောက်​တစ်​ကြိမ်​ထပ်​ဖြစ်​ရင်
နှလုံး​ရောဂါဖြစ်​မယ်​လို့​ပြောကတည်းက......
ငါစစ်​ထားတာတခြားဘယ်​သူကအသက်​အ​သေခံပြီး..."

"ငါစစ်​​ကြည့်​မယ်​"

"ပါး..."

"Xin Chan"

"​တော်​​တော့မား​ရော...ပါး​ရော
ကျ​နော့်​အတွက်​အခြားတစ်​​ယောက်​အသက်​​ပေးမှ
ကျ​နော်​အသက်​ရှင်​ရမယ်​ဆိုရင်
အဲ့အစားကျ​နော်​အ​သေခံလိုက်​မယ်​...
နောက်​ပြီး...ပါးကကျ​နော့်​အတွက်​လုပ်​​ပေးခဲ့တာ​တွေ
များ​နေပြီ...တကယ်​ဆို...ပါးက
ဒီ​နေရာမှာရှိ​နေသင့်​တာမဟုတ်​ဘူးမလား
Wang​လေးကိုသွားကြည့်​သင့်​တာ
သူ့​ဘေးမှာရှိ​နေ​ပေးလိုက်​ပါ
အရင်​တစ်​ချိန်​ကပါးကျ​နော့်​ကို​ရွေးချယ်​ခဲ့လို့
ကျ​နော်​ကြောင့်​သူနာကျင်​ခဲ့ရပြီးပြီ
နောက်​တစ်​ကြိမ်​သူ့ကိုမနာကျင်​​စေချင်​​တော့ဘူး
အကယ်​၍ကျ​နော်​ကသူ့ကိုထားသွားရမယ်​ဆိုရင်
ပါးကကျ​နော့်​ကို​ထွေးပိုက်​​ပေးခဲ့တဲ့
ချစ်​ခြင်းတရားထက်​ပိုပြီးသူ့ကို​နွေး​ထွေးမှု​ပေးပါ
ကျ​နော်​က...ပါးရဲ့...သားအရင်း...
မဟုတ်​တာ​တောင်​....ကျ​နော့်​ကို...
ဂရုစိုက်​​ပေးခဲ့တဲ့အတွက်​​ကျေးဇူးတင်​ပါတယ်
နောက်​ပြီး...ကျ​နော်​ဒီလိုဖြစ်​တာwang​လေး​ကြောင့်
မဟုတ်​လို့...စိတ်​မ​ကောင်းမဖြစ်​ပါနဲ့...
မားလဲသူ့ကိုအပြစ်​မတင်​ပါနဲ့ 
ကျ​နော်​​ကြောင့်​သူတို့မိသားစုခံစားရတာနဲ့ယှဉ်​ရင်
ကျ​နော်​ခံစားရတာမလုံ​လောက်​ပါဘူး
အဲ့ဒီတစ်​နှစ်​အတွင်းwang​လေးကျ​နော့်​ကို
ဘာ​တွေဘယ်​လိုပဲလုပ်​ခဲ့ပါ​စေကျ​နော်​ဘယ်​​လောက်​ပဲ
နာကျင်​ခဲ့ရပါ​စေအဲ့တာကျ​နော်​ကိုယ်​တိုင်​​သိရက်​နဲ့
ရွေးချယ်​ခဲ့တဲ့လမ်းမလို့...ကျ​နော်​​နောင်​တမရဘူး
ကျ​နော်​wang​လေးကို
မနာကျင်​​စေချင်​​တော့ဘူး...ပါး...
သူ့ကိုဂရုစိုက်​ဖို့​နေခဲ့လိုက်​ပါ...
ကျ​နော်​သူ့ကို​နောက်​ဆုံးတစ်​ကြိမ်​သွား​တွေ့ချင်​တယ်​..."

By your side(COMPLETED )Where stories live. Discover now