အချစ်​ဦးမို့...ချစ်​ပါသည်​..."19"

Start from the beginning
                                    

မြန်မာပြည်ကို စီးပွာရေး ချဲထွင်ရခြင်းသည်
ဒီကောင်လေးကြောင့်ပင်...
အလိုလိုက်ချင်သည်။
ဖြစ်ချင်တာတွေဖြည့်စည်းပေးပြီး
သူ့အပိုင်ဖြစ်စေချင်သည်။
ဒါ​တွေဟာ ဒီကောင်လေးကိုစတွေ့ခါစထဲက ဖြစ်ချင်မှုတွေပင်။
ဒါကြောင့်အဖေဆုံးပါးသွားထဲက
သူ့မိဘတွေရှိရာ bkကိုပြန်သွားပြီး
နောက်အိမ်ထောင်ပြုသွားတဲ့ မေမေကြောင့်
ဘယ်တော့မှမပြန်ဘူးဆိုပြီး ဆုံးဖြတ်ထားမှုတွေဟာ
ပြောင်းလဲလာတဲ့ထိပင်......

"ကူးကူး.."

အီး ဟီး ခေါ်ပြန်ပြီး...အဲလိုကြာပစ်တဲ့ မျတ်လုံးရွဲရွဲ
ကြီးတွေနဲ့ ခေါ်ပြန်ပြီ...

"ကိုကြီးပြောခဲ့တာ မှတ်မိသေးလား..."

"မြန်မြန်ပြောတာများကြီးဆိုတော့
ကူးကူးအကုန်တော့မှတ်မိဘူး..."

ဝေ့လည်ကြောင်ပတ်ဖြေလိုက်တဲ့ကူးကူးစကားကြောင့်ညာဏ်တစ်ချက်ရယ်လိုက်ပြီး

"စောင့်နေပေးဖို့်ပြောခဲ့တယ်လေကွာ..."

ထိုနောက်...
ဖောင်းအိနေတဲ့ကူးကူးရဲ့ လက်နုနုလေးကိုဆုတ်ကိုင်လိုက်ပြီး

"ကူးကူး..ကိုယ့်ကို​လေကလေးသွန်ချင်သလိုသွန်
မှောက်ချင်သလိုမှောက်လိုရတဲ့
ကူးကူးရဲ့ချစ်သူအဖြစ်ဖြစ်ခွင့်ပေးပါလား..."

လက်ကလေးကိုဆုပ်ကိုင်ထားမှုသည် ပိုမိုတင်းကျပ်စွာဖြစ်တည်လာသည်။

တစ်ဖြည်းဖြည်းတိုးလာတဲ့မြန်မြန်ရဲ့နှုတ်ခမ်း
ကူးကူးအလန့်တကြားမျတ်လုံးစုံမှိတ်လိုက်သည်။

အသက်ရှုသံလေးဟာ တစ်ဖြည်းဖြည်းတိုးကပ်လာတဲ့အခါကူးကူးရဲ့first kissလေးပလုံပြီလို့်တွေးလိုက်စဉ်မှာပဲကိုကိုရဲ့ ကူးကူးဆိုတဲ့ အသံနဲ့အတူမြန်မြန်ရဲ့ မျက်နှာဆီကို လက်သီးတစ်ချက်ရောက်သွားသည်။

မြက်ခင်းပေါ်လဲကျနေတဲ့ မြန်မြန်
စားမတတ်ဝါးမတတ် ကူးကူးကိုစိုက်ကြည့်နေတဲ့ကိုကို..။
ထိုနည်းတူပင်ကြေးအိုးထုတ်လေးကိုင်ပြီး
ခြံဝမှာကြောင်ကြည့်နေတဲ့ ရဲရင့်....

စိတ်ညစ်တယ် စိတ်ညစ်တယ်
Ukeလေးတွေ ဝိုင်းသဘောကျတဲ့
Semeကြီးဖြစ်ရတာ ကူးကူးစိတ်ညစ်တယ် အဟင့်.....

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now