အချစ်​ဦးမို့...ချစ်​ပါသည်​..."19"

Start from the beginning
                                    

"ဟားဟား..."

ကူးကူးရဲ့ကလေးဆန်တဲ့ စကားကြောင့်
အကုန်လုံးရယ်ကြသည်။

ဒေါ်မေလင်းကတော့အကဲခတ်နေပြီ
သူမမှာ သားမွေးထားပြီး
သမီးမိန်းကလေးလိုမျတ်ခြေပျတ်မရ..
လူကြီးမို့်သိသည် ...ဒီကောင်လေးသည်လည်း
ဟင်း....ကူးကူးမမွှေဖို့ပဲအဓိဌာန်ဝင်ရမည်ထင်သည်။
ဒင်းနဲ့ စေ့စပ်ထားတဲ့မင်းသန့်လေးကိုပဲ
အားနာလွန်းသည်။

___________________________

"ကူးကူး..."

"ဗျာ ဗျ .."

အိမ်ရှေ့ဒန်းလေးပေါ်မှာ ထိုင်ပြီး
ခြေထောက်လေးနှစ်ဖတ်ကို တွဲလန်းချကာ
အိမ်ရှေ့ကိုမျှော်နေတဲ့ကူးကူးကို
ဉာဏ်ခေါ်လိုက်သည်။

အရင်ကထပ်အများကြီးချစ်ဖိုကောင်းလာတဲ့ကူးကူးဟာ
ရည်စားတွေဘာတွေများရှိနေလောက်ပြီလားတွေးမိသည်။

"ကူးကူးကအရမ်းချစ်ဖို့ကောင်းတော့ ကျောင်းမှာရည်စားတွေဘာတွေရှိနေပြီလား..."

လွဲနေတဲ့ ခြေထောက်လေးတိခနဲရပ်သွားသည်။
ခြေတွေလက်တွေပါအေးစက်လာသလို
ကူးကူးသိနေတယ်..ချစ်ရည်ရွန်းလဲတဲ့အငွေ့တွေအာရုံရတယ်။

"ရည်စားရယ်တော့ မဟုတ်ပေ့မယ့်
ကူးကူး လက်ရွေးစင်၄ယောက်တော့ရှိတယ်လေ..."

"၄ယောက်တောင်....ကိုကြီးကလေးလေးကplay boyလေးလားကွ..."

"လာပြန်ပြီplay boy ဟွန့် မplay boyပါဘူးနော်
၊ကူးကူးရဲ့ကြင်နာတတ်တဲ့နှလုံးသားကြောင့်ပါနော်..."

"ဟဟ ဟုတ်ပါပြီကွာ ထားပါတော့...
ဒါဆို semeတွေဝိုင်းဝိုင်းလည်နေတဲ့ ukeလေးပေါ့..."

"မြန်မြန်နော်...ဟွန့် ...semeတွေဝိုင်းဝိုင်းလည်နေတဲ့
Ukeဟေုတ်ပါဘူး....ukeတွေဝိုင်းဝိုင်းလည်နေတဲ့
semeကြီးပါနော်..ကူးကူးက ကာကွယ်သူလုပ်မှာ...
ကူးကူးရဲ့ukeလေးတွေကို ထိတဲ့သူကိုကာကွယ်မယ့်
Semeကြီး..."

"ဂျပု semeလေးလားကွ..."

"ကူးကူးအရပ်က ၅ပေ ၆ပါနော် ထပ်လည်းရှည်အုံးမှာ..."

ချက်ချင်းကို ဇတ်ခနဲထရပ်ပြီးခြေတစ်ဖတ်ကိုစောင့်ပြီးပြောလိုက်တဲ့ အပေါ်ပုဂ္ဂိုလ်လေး...။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now