Sweet Romance {1}

888 61 14
                                        

(Unicode)

သာယာတဲ့ ဆောင်းရာသီရဲ့ ညနေခင်း တစ်ခုမှာ ချစ်ရတဲ့ လူကြီးကို စတွေ့ခဲ့တယ်။

အာ......မိတ်ဆက်ဖို့မေ့နေတာ ကျွန်တော့် နာမည်က Min Yoongi အသက်က ၂၄ နှစ် Seoul University မှာ Chemistry major ယူထားတဲ့ တတိယနှစ် ကျောင်းသား။ appa က company သေးသေးလေးတစ်ခု ပိုင်ဆိုင်ထားပြီး omma အိမ်ရှင်မဘဲ ရိုးအီခြင်း မရှိတဲ့ အကြောင်းအရာတွေနဲ့ ကျွန်တော်တို့ မိသားစုလေးက ပျော်ရွှင်ဖို့ကောင်းတယ်။ အငယ်ဆုံး ပီပီ တစ်အိမ်လုံး ကို လည်း ကျွန်တော်က စနောက်တတ်သေးတယ်။

ကျွန်တော့်မှာ အကိုတစ်ယောက် ရှိတယ် Jung Hoseok တဲ့။ အဲ့သြ သွားကြတယ်မလား မျိုးရိုး မတူလို့လေ။ Hyumgက ဖေဖေ့ ညီမ ရဲ့ သားလေ ငယ်ငယ်ထဲက Hyung မိဘတွေက ဆုံးသွားတော့ ကျွန်တော်တို့နဲဘဲ အတူတူနေလာတာပေါ့။
ပြီးတော့ ကျွန်တော့မှာ ချစ်ဖို့​ကောင်းတဲ့ တူလေး လည်း ရှိသေးတယ် တူလေး နာမည်က Kim TaeHo တဲ့။ ကျွန်တော့ တူလေးက သူများတွေလို အမေတော့ မရှိပေမဲ့ သူ့ကို သိပ်ချစ်တဲ့ အဖေ နှစ်ယောက်တော့ ရှိတယ်လေ။ ဟုတ်တယ်။ အံသြနေကြတယ်မလား။ TaeHoလေးက Hyung ကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးထားတဲ့ ကလေးလေး လေ သူနဲ့ သူ့ ယောကျာ်း Kim Taehyung တို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး TaeHoလေးကို ရလာတာ။ တူလေးက အခုဆို (4) နှစ်တောင်ပြည့်ပြီ မူကြိုလည်း ထားရပြီ။ အခုတော့ TaeHoလေးက ကျွန်တော့တို့ အိမ်ကို ရောက်နေတာ။ သူ့ Daddy က နာမည်ကြီး ဓာတ်ပုံဆရာ Vante လေ အခုလည်း အရေးကြီး ဓာတ်ပုံရူတင် ရှိတော့ ခရီး ထွက်သွားလေရဲ့ papa hobiကတော့ appaနဲ့ ရုံးမှာ အဲ့တော့ ဒီနေ့ရဲ့ ကလေးကို မူကြို ကြိုရမဲ့အလှည့်က ကျွန်တော် အမောင် yoongiလေးပါဘဲ။

"GiGi ရေ TaeHo လေးကို သွားမကြိုသေးဘူးလား မူကြို လွှတ်လောက်ပြီလေ"

ဟုတ်ပါတယ် ချစ်လှစွာသော ommaရဲ့ အော်သံလေးပါ။

"သွားပြီ Omma ရေ"

မူကြိရောက်တော့

"ဟွန်း.......omma ကလည်း အစောကြီးဘဲ ခုထိ တစ်ရောက်မှတောင် မရှိသေးတာ"

ထိုအချိန်တွင် အမဲရောင် BMW ကားအသစ်ကြီး yoongi အနားသို့ ဝှီးခနဲ လာရပလေတော့ အမောင် yoongi လေးမှာ လန့်ပြီး အနောက်ကို ဆုတ်သွားပါတော့တယ်။

Sweet Romance Những tác phẩm khiến độc giả say mê. Hãy khám phá bây giờ