အချစ်​ဦးမို့...ချစ်​ပါသည်​..."18"

Start from the beginning
                                    

ရှပ်အင်္ကျီ အကြီးကြီးကို ဘောင်ဘီဒူးပေါ်အဖြူစွပ်စွပ်လေးနဲ့
ကတုံးလေးပြောင်နေကာ
ခုန်ဆွခုန်ဆွ သွားနေတဲ့ကူးကူးကို
ချစ်ဖို့ကောင်းလွန်းလို့လမ်းကခွေးတွေတောင်
မဟောင်ဘူး...။

ရေခဲမုန့်ဝယ်ဖို့ ဆိုင်ထဲ ဝင်တုန်း
ဖေကြီးကားအိမ်ဘတ်သွားတာကိုလှမ်းမြင်လိုက်သည်။

ဖေကြီးခရီးသွားတာကနေပြန်လာတာဖြစ်မယ်...ဟီးဟီး
မုန့်တွေများကြီးပါလာမှာတဲ့....

ရေခဲမုန့်ဖိုးကို မြန်မြန်ရှင်းပြီး
ကူးကူးအိမ်ကို
မြန်မြန်ပြန်ဖို့ လုပ်လိုက်သည်။

ကူးကူးမြန်မြန်ပြန်မှ
မဟုတ်ရင် မေကြီးက မုန့်တွေကို ဖွတ်ပစ်မှာ...
အဲလိုတော့ အဖြစ်မခံနိုင်ပေါင်...
သီချင်းဆိုသွားသေးသည်။
သီချင်းရွေယချယ်ရာမှာ
အခြေအနေနဲ့ အချိန်အခါကိုလည်းရွေးချယ်တတ်ရတာမို့်

"ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကိုချစ်တယ်...."

"ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကိုချစ်တယိ...."

ကူးကူးရဲ့အသံသာသာကြောင့်လးငှက်အုပ်ကြီးတောင်ထပြန်သွားတဲ့ထိ...

"ဖေကြီး...."

ကွက်တိပင်... ဖေကြီး ကားပေါ်က
အထုတ်တွေကိုချနေတုန်းလေး
ပြေးပြီးဖတ်ပြီး အာဘွားတွေပေးပစ်လိုက်သည်။

"ကူးကူးကဖေကြီးကိုလွမ်းနေတာ...အိပ်လို့လည်မပျော်ဘူး၊စားလို့လည်းဝင်ဘူး..ရင်တွေလည်ပူအားကြီးလို့်ရေခဲမုန့်လေး စားပြီး ရင်အေးအောင်ကြိုးစားနေရတာ..."

"အောင်မလေးအချွဲလေးကွာ... ဖေ့သားလေးအတွက်ဖေကြီးက မုန့်တွေများကြီးပါတယ်ကွ..."

"တကယ်နော် တကယ်.."

"တကယ်ပေါ့ သားငယ်ရ...ကဲအထဲဝင်မယ်.. ဧည့်သည်ကို အားနာစရာကြီးသားရဲ့..."

မုန့်ထုပ်ပဲငမ်းနေတာမို့်
ဧည်သည့်ပါတာတောင်သတိမထားမိ...။

"ဉာဏ် ဒါ ဦးရဲ့ သားလေ..အလင်းကူးတဲ့...
သားငယ်...ဒါက ဖေကြီးနဲ့ အလုပ်တူတူလုပ်မယ့်
ကုမ္ပဏီ ceo ကောင်းကင်ဉာဏ်တဲ့..."

ကူးကူးကိုပြုံးပြီးကြည့်နေတဲ့
ဧည်သည့်ဆိုတဲ့ အကိုကြီးကို
သေချာကြည့်လိုက်သည်။
သေချာစိုက်ကြည့်ရင်း
ပြန်ကြားယောင်လာတဲ့ စကားတစ်ခွန်း

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now