အချစ်​ဦးမို့...ချစ်​ပါသည်​..."18"

Start from the beginning
                                    

ပြောလည်းပြော သူကိုင်လာတဲ့ပန်းကန်ကိုယူလိုက်တာကြောင့်မင်းသန့်အကြည့်တွေက ပန်းကန်ဆီကိုရောက်သွားပြီး

"ကူး ..ကူးကူး အာ့ဘာတွေလဲ..."

ဘုရားရေ ဒါကြီးက ငါ့အတွတ်တော့မဟုတ်ပါဘူးနော်..

"ကိုကိုအတွတ် အားရှိအောင်ကူးကူးကိုယ်တိုင်
ပြုတ်ထားတဲ့ အောင်မဲညိုကြက်သားစွပ်ပြုတ်...အာ.."

ပြောလည်းပြော ပါးစပ်ဟခိုင်းတာကြောင့်
မင်းသန့်နောက်ကိုဆုတ်ပြီးပါးစပ်ကို
လက်ဖဝါးနဲ့ပိတ်ထားမိသည်။

သေဆေးသာသောက်ပလိုက်မည်။
ဒါကြီးတော့ လုံးဝပါပဲ...
သေချာမဆေးထားတဲ့ကြက်ကြောင့်
ဒီကနေတောင်စိမ်းရွှေရွှေအနံ့ရနေတာ...

တစ်စုံတစ်ယောက် လာကယ်ပါ...။
အားတဲ့ဘုရားဆင်ကယ်ပါ။

တွေးနေတုန်းယုံရှိသေးပါးစပ်ကိုအုပ်ထားတဲ့ လက်နှစ်ဖတ်ကိုဖယ်ပြီးပါးစပ်ထဲ
ဝင်လာတဲ့ ကူးကူးရဲ့ ကြက်စွပ်ပြုတ်....။

"ဝေါ...."

မင်းသန့်ဘယ်လိုမှမခံစားနိုင်တော့ပဲတဝေါဝေါ အန်မိသည်။
၃ရက်စာ အတိုးနဲ့နှိပ်စပ်နေသလားမှတ်ရတယ်...
အန်ပြီးတာတောငိမထရဲပဲ
အိမ်သာနားမှာပဲကျုံ့ကျုံ့လေးထိုင်နေမိသည်။
တော်ကြာထပ်ကြွေးနေရင်နေမကောင်းလို့်မသေပဲသူစွပ်ပြုတ်ကြီးကြောင့်မင်းသန့်အသက်ထွက်မှာ...။

ဒါတောင် ကူးကူးရဲ့ရေရွတ်တဲ့စကားသံကြောင့်
မင်းသန့် နေတောင် ချက်ချင်းကောင်းမလိုဖြစ်သွားသည်။

ဘာတဲ့....။

"မဖြစ်ပါဘူးလေ ကိုကိုကအစားမဝင်ဘူး
ကူးကူးသေသေချာချာချက်​ကျွေးမှ"တဲ့လေ။

မနက်ဖြန် မင်းသန့်ချက်ချင်း​နေ​​ပြန်ကောင်းရေးသည်မင်းသန့်ရဲ့အရေးပင်တည်း....။

______________________________

ဘယ်လိုခေါ်ခေါ် Toilet ထဲကမထွက်လာတဲ့
ကိုကိုကြောင့် ကူးကူးမှာ အကြာကြီးစောင့်ပေးလိုက်ရပြီးတော်တော်ကြာမှ အိမ်ကိုပြနိလာနိုင်တယ်...။
ကူးကူးရဲ့အစွမ်းကြောင့်
ကိုကိုဆို ချွေးတွေဘာတွေထွက်ပြီး
အဖျားသက်သာသွားလို့မေမေခင်က
ကျေးဇူးတွေတောင်တင်နေလို့်ကူးကူးရှက်တောင်
ရှက်သွားတယ်ရယ်...။
အာ့နဲ့ ရေခဲမုန့် ဝယ်စားဖို့ မုန့်ဖိုး၁၀၀၀ပေးလိုက်တာကြောင့်သီချင်းတစ်အေးအေးနဲ့ခုန်ပေါက်ပြီး
လမ်းထိပ်ကmini martလေးဆီသို့
သွားလိုက်သည်။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now