"အင်း ....ကောင်းကောင်းသွားနော်....."
"ဟုတ်ကဲ့မား!....."
ရီပေါ်တစ်ယောက် မားကိုနှုတ်ဆက်ပြ်ီး စက်ဘီးလေးစီးကာ ပေကျင်းတက္ကသိုလ်သို့ သွားလေတော့သည်။
ရီပေါ်ဘဝက အမေတစ်ခု သားတစ်ခုဖြစ်တဲ့
အတွက် မိခင်ရဲ့စကားကို မြေဝယ်မကျနားထောင်တတ်ပြီး စာကြိုးစားတဲ့သူလေး......
နေနိုင်စားနိုင်တဲ့ အခြေအနေရှိပြီး
သူတစ်ပါးကို ကူညီတက်တဲ့ စိတ်ရှိတဲ့သူလည်း ဖြစ်တယ်.......ရီပေါ်တစ်ယောက် ကျောင်းကအပြန်
မီးပွိုက်တစ်ခုတွင် ကားလမ်းကူးရန်အခက်အခဲ ဖြစ်နေသော အသက်ကြီးကြီး အဖွားတစ်ယောက်ကို မြင်လိုက်သောကြောင့် ထိုအဖွားနားကို အမြန်လေး
ပြေးသွားလိုက်လေသည်။"အဘွားလမ်းကူးမလို့လား?....."
"အေးကွယ်.....အဖွားလည်း မျက်လုံးသိပ်မမြင်ရတော့
ကူညီပါဦးကွယ်.......""ဟုတ်ကဲ့ ရပါတယ် အဖွား.......
ကျွန်တော့်ရဲ့ လက်ကိုတွဲပြီး လျှောက်ပါနော် .....""အေး...အေး"
"ရောက်ပြီး .....အဖွား..."
"အေးကွယ် ......ကျေးဇူးပါပဲ သားလေးရေ....."
"ရပါတယ် အဖွား.......
ဒါဆို ကျွန်တော်သွားပြီးနော်.....""အေး.......အေး........"
.........................................................................
ပေကျင်းအထက်တန်းကျောင်း........
"ကယ် ဒီနေ့ ဒီလောက်ပဲနော် ........
စာကြိုးစားကြ ......""ဟုတ်ကဲ့ ဆရာ...."
ပထမစာသင်ချိန် ပြီးသွား၍ ဒုတိယအချိန်တွက် စာသင်ရန် အခန်းထဲသို့ ဆရာတစ်ယောက် ရောက်လာလေသည်။ရောက်ရောက်ချင်း မြေဖြူကိုင်၍ စာသင်နေသော ဆရာသည် မိမိအနောက်မှ ခြေသံများကြားသဖြင့် လှည့်ကြည့်လိုက်ရာ..........
နက်တိုင်ဖရိုဖရဲနှင့် ကျောင်းကုတ်အင်္ကျီအား တရွတ်တိုက်ဆွဲလာသော ကျောင်းသား
သုံးယောက် .........မိသားစု ကောင်းကောင်းနှင့် ပျိုတိုင်းကြိုက်နိုင်သည့် ရုပ်ရည်လေးရှိသော်လည်း
နည်းနည်းလေးမှ မလိမ္မာပေ။
ထိုကျောင်းသားသုံးယောက်အား
သတိပေးစကားပြောဆိုသော ဆရာအများစုသည်
သွေးတက်ကာ ဆေးရုံနှင့် ကန်ထရိုက် ဆွဲထားရသော ရာဇဝင်များရှိသောကြောင့် ထိုကျောင်းသားသုံးယောက်အား ဆရာများလွှတ်ထားခြင်းဖြစ်သည်။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........
BAD BOY - 1
Start from the beginning