တံခါးခေါက်သံကြောင့် ကိုယ့်နေရာကိုယ်
ဟန်မပျက်ပြန်ထိုင်တော့
Laptopကိုခေါင်းကွယ်လို့ ကြိတ်ရယ်နေတဲ့
ကောင်လေး...

"ဆရာ..ရှန်ဟိုင်းကုမ္ပဏီခွဲကို အပြီးပြောင်းဖို့
လျှောက်ထားသေးလား.."

"ဟင်..အင်း ဘာလို့လဲ."

"ဆရာ ဒီဘက်ကိုပြောင်းရင်
ကျွန်တော်လည်း ပြောင်းချင်တယ်."

"ချန်းသဘောပါ.."

ချန်းကို မျက်လုံးတွေမှိတ်တဲ့အထိရီပြနေတဲ့
ကောင်လေး..
ဒီလိုမျိုးလေး ပြုံးနေပြီး
ကိုယ့်ဘေးမှာ အမြဲရှိနေပေးပါ။

~~~~~

ညဂျူတီကျတဲ့ အချစ်ကြောင့်
ရိပေါ် အိမ်ကိုသာပြန်လာခဲ့ရတယ်။
အရမ်းပျော်နေလို့ လူက
မြောက်ကြွမြောက်ကြွဖြစ်နေ
သည့်အတွက် ဧည့်ခန်းထဲထိုင်နေတဲ့
Daddyကိုတောင် မမြင်မိဘဲကျော်သွားသေး။
ပြီးမှ ပြန်လာတော့Daddyက
ခပ်စောင်းစောင်းကြည့်လို့ရယ်..။

"အူကြူးတို့များ အခုမှပဲမျက်နှာမြင်ရတော့တယ်.."

"ဟီးဟီး.."

"ရယ်ပြမနေနဲ့..နေအုံး.နှုတ်ခမ်းကယောင်နေတယ်.
ပြစမ်း.."

သူ့နှုတ်ခမ်းကို စေ့စေ့စပ်စပ်ကြည့်နေပြန်တဲ့
Daddy..

".ကျွန်တော် သူနဲ့ပြန်တွဲနေပြီ."

"သိတယ်..အူကြူးကDaddyသားဆိုတာလည်း
သတိထားပါအုံး..ပါးစပ်ဟလိုက်တာနဲ့.."

"အူဘယ်နှခွေရှိတယ်ဆိုတာ ပြောရမလား.."

စကားကိုဖြတ်ပြောတော့ သူ့ဆံပင်တွေကို
ဖွလို့ ခပ်တိုးတိုးရယ်တဲ့ Daddy..

"ကြည့်ပါအုံး..ယောင်နေတာပဲ..
အူကြူးတော့ ဟိုကလေးလက်ချက်နဲ့လုံးပါးပါးမှာ
မြင်ယောင်သေး."

"Daddyကလည်း.."

"အိမ်ကိုခေါ်ခဲ့အုံး..ဒီအတိုင်းထည့်ပေးလို့တော့
မဖြစ်ဘူး။မှာရာရှိတာမှာရအုံးမယ်.."

"ဟုတ်ကဲ့ပါဗျ..ဟိဟိ."

သူ့ပါးကိုနမ်းပြီး အခန်းထဲဝင်သွားတဲ့
အူကြူးကိုကြည့်ရင်း ဝမ်ချုံလင်ပြုံးနေမိတယ်။
သိပ်ချစ်တတ်တဲ့ သားလေးနဲ့သားမက်လေးကို
အမြဲတမ်းပျော်ရွှင်နေဖို့ ဆုတောင်းပေးရင်း..။

𝐴𝑑𝑜𝑟𝑎𝑡𝑖𝑜𝑛 𝑌𝑜𝑢 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ] जहाँ कहानियाँ रहती हैं। अभी खोजें