❣Happy Birthday, YunLan❣

826 45 47
                                        

❣Happy Birthday, YunLan❣

ပြန်လိုက်ပါဦးမယ်..ဝန်ကြီးကောင်း...

ကျောက်ယွင်လန်  သူ့အထက်အရာရှိကို နှုတ်ဆက်ကာ  ဟိုင်ရှင်းကျန်းမှထွက်လာခဲ့သည်...ဆိုင်ကယ်ပေါ်တတ်ခွကာ halmetဆောင်းမယ်လုပ်လိုက်တော့ အတော်ဟောင်းနေတာ သတိထားမိသည်... သူ့ရဲ့စည်းကမ်းရှိစွာ ဟိုပစ်ဒီပစ်လုပ်မှုကြောင့် အခြစ်ရာတွေထင်နေကာ  မှန်ကလည်းအဆင်မပြေချင်တော့.. အသစ်တစ်ခုတော့ ထပ်ဝယ်ရမည်..

"Sheng Ri Kuai Le,Chief Zhao!!"
(Happy Birthday)
အော်သံအဆုံးမှာ သူ့မျက်နှာပေါ် ကြိုးတွေနှင့် စက္ကူစတွေကျလာသည်...
S.I.Dမှတံခါးအား ဆွဲဖွင့်ဖွင့်ချင်း ခံလိုက်ရသောကြောင်​့ စိတ်ရှုပ်ကာ ကြိုးတွေ စက္ကူစတွေ ဖယ်ရင်းဆူဖို့ပြင်လိုက်သည်...

"မင်းတို့ဘာလုပ်နေကြတာလည်း ဟမ်!
ကလေးကလားနဲ့..နဲ့...."
သူ့စကားပင် မဆုံးသေး S.I.Dအဖွဲ့သားတွေက သွားအဖြီးသားနှင့် ဘေးကိုရှဲသွားကြသည်
နောက်ဆုံးမှာရပ်နေတဲ့ ရှန်ဝေ...
လက်ထဲမှာ ကိတ်မုန့်တစ်လုံးနဲ့...

အော်...ဟုတ်သားပဲ ဒီနေ့ကသူ့မွေးနေ့ သူတောင်မမှတ်မိပေမဲ့ သူ့အချစ်လေးကမှတ်မိနေတာလား ရှန်ဝေလက်ထဲမှာက
ရိုးရိုးရှင်းရှင်းနဲ့ တစ်ထပ်ကိတ်မုန့်တစ်လုံးပါပဲ
ဒါပေမဲ့... အရမ်းလှတယ် ငါ့မိန်းမအချောအလှလေး ကိုင်ထားလို့ဖြစ်မယ်..ဒါပေမဲ့ နားရွက်လေးတွေနီပြီး မျက်လုံးအဝိုင်းသားနဲ့ ရပ်နေတဲ့ ငါ့မိန်းမက ပိုလှတယ်..

ယွင်လန်တစ်ယောက် သူ့အတွေးနဲ့သူ ကျေနပ်ကာ ပါးချိုင့်တွေပေါ်အောင် ပြုံးရင်း ရှန်ဝေဆီလျှောက်သွားလိုက်သည်..

"Babyက ကိုယ့်ကိုမွေးနေ့လုပ်ပေးတါပေါ့လေ
ဟုတ်လား ကိုယ်တောင်ကိုယ့်မွေးနေ့ကို မမှတ်မိဘူး babyကသတိရတယ်ပေါ့လေ"

ပြောပြောဆိုဆိုဖြင်​့ ကိတ်မုန့်မှ ခရင်အချို့ယူကာ ရှန်ဝေပါးကိုထိလိုက်သည်
ရှန်ဝေမှာတော့ မျက်နှာတွေရဲရဲနီကာ တောင့်တောင့်လေးဖြစ်သွားရသည်...

"ယွင်လန်..မဆော့နဲ့လေ .."
ရှန်ဝေ၏နူးညံသိမ်မွေ့သောအသံနောက်တွင် S.I.Dအဖွဲ့သားတို့၏ အဟမ်း...အဟွတ်...စသည့် လုပ်ချောင်းသံတို့ကကပ်ပါလာသည်..
ယွင်လန်မှ အကြည့်စူးစူးတစ်ချက်ပို့လွှတ်ကာ အကုန်လုံးကို အထဲဝင်ခိုင်းလိုက်သည်...

❣Happy Birthday, YunLan❣Historias para obsesionarse. Descúbrelo ahora